NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 28

သင်ခန်းစာ 28

Shizuoka (ရှီဇူအိုကာ) ကကြိုဆိုပါတယ်

အန်းနာဟာ ဆာ့ခူရာနဲ့အတူ ရှီဇူအိုကာမြို့ကိုသွားခဲ့ပါတယ်။ ဘူတာရုံမှာဆာ့ခူရာရဲ့မောင်ဝမ်းကွဲ ခဲန်းတာက သူတို့ကိုလာကြိုခဲ့ပါတယ်။

သင်ခန်းစာ 28 ၁ဝ မိနစ်

အဓိက စကားပြောများ

SHIZUOKA E YÔKOSO

သင်ခန်းစာ စာမူများ

さくら こちらは、いとこの健太くん。 ဒါက ဝမ်းကွဲမောင်လေး ခဲန်းတာပါ။
ဆာ့ခူရာ KOCHIRA WA, ITOKO NO KENTA-KUN.
ဒါက ဝမ်းကွဲမောင်လေး ခဲန်းတာပါ။
健太 静岡へようこそ。 ရှီဇုအိုက ကကြိုဆိုပါတယ်။
ခဲန်းတာ SHIZUOKA E YÔKOSO.
ရှီဇုအိုက ကကြိုဆိုပါတယ်။
さくら 彼はカメラに詳しいから、いろいろきいてね。 သူက ကင်မရာနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိ တာကြောင့် အမျိုးမျိုးမေး ကြည့်နော်။
ဆာ့ခူရာ KARE WA KAMERA NI KUWASHII KARA, IROIRO KIITE NE.
သူက ကင်မရာနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိ တာကြောင့် အမျိုးမျိုးမေး ကြည့်နော်။
アンナ どうぞよろしくお願いします。 ကျေးဇူးပြုပြီး ကူညီပါဦး။
အန်းနာ DÔZO YOROSHIKU ONEGAI SHIMASU.
ကျေးဇူးပြုပြီး ကူညီပါဦး။
健太 (アンナちゃん、かわいいなあ) အဲန်းနာ ကချစ်စရာ ကောင်းလိုက်တာ။
ခဲန်းတာ (ANNA-CHAN, KAWAII NÂ.)
အဲန်းနာ ကချစ်စရာ ကောင်းလိုက်တာ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  E YÔKOSO

E ဆိုတာက လှုပ်ရှားမှုတစ်ခုရဲ့ ဦးတည်ရာကိုညွှန်ပြတဲ့ ဝိဘတ်ပါ။       YÔKOSO ဆိုတာက ကြိုဆိုပါတယ်။ ဥပမာ NIHON  E  YÔKOSO.  ဂျပန်ကကြိုဆိုပါတယ်။

  NI KUWASHII

NIဆိုတဲ့ဝိဘတ်က သူကဘာကိုဗဟုသုတရှိတာလဲဆိုတာကို ညွှန်ပြတယ်။
ဥပမာ-KENTA WA KAMERA NI KUWASHII.
ခဲန်းတ က ကင်မရာနဲ့ပတ်သက်ပြီး နှံ့နှံ့စပ်စပ်သိတယ်။

သင်ပေးပါဆရာမ

KARA နဲ့ NODE ရဲ့ ခြားနားချက်
KARA နဲ့ NODE၂ခုလုံးကိုအကြောင်းပြချက်တစ်ခုခုကိုပေးဖို့အတွက် သုံးပါတယ်။ ဥပမာ - KAWAII (ချစ်စရာကောင်းသော) ဆိုတဲ့ နာမဝိသေသနစကားလုံးက အကြောင်းပြချက်တစ်ခုဖြစ်မယ်ဆိုရင် KAWAII KARA ဒါမှမဟုတ် KAWAII NODE လို့ပြောနိုင်ပါတယ်။

အိုနိုမာတိုပဲ

အချက်ပေးဥသြသံ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ရှိဇူအိုကာအကြောင်းပြောလိုက်ရင် ပထမဦးဆုံးတွေးမိလိုက်တာက ဖူဂျီတောင်ပါပဲ။ ဖူဂျီတောင်က ၂၀၁၃ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ထားပါတယ်။ ဖူဂျီတောင်က အလှဆုံး ရှုခင်းနေရာတွေ အကြောင်းကို ခဲန်းတကို မေးကြည့်မယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။