NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 27

သင်ခန်းစာ 27

ဘယ်သူက လက်ထပ်မှာလဲ

အန်းနာက ဆာ့ခူရာရဲ့အိမ်ကိုသွားလည်ခဲ့ပြီး ဆာ့ခူရာက မင်္ဂလာဆောင် ဖိတ်စာတစ်စောင်ကို အန်းနာကို ပြခဲ့ပါတယ်။

သင်ခန်းစာ 27 ၁ဝ မိနစ်

အဓိက စကားပြောများ

DARE GA KEKKON SURU N DESU KA

သင်ခန်းစာ စာမူများ

アンナ 誰が結婚するんですか。 ဘယ်သူက လက်ထပ်မှာလဲ။
အန်းနာ DARE GA KEKKON SURU N DESU KA.
ဘယ်သူက လက်ထပ်မှာလဲ။
さくら 静岡の友だち。 ရှိဇူအိုကာက သူငယ်ချင်းပါ။
ဆာ့ခူရာ SHIZUOKA NO TOMODACHI.
ရှိဇူအိုကာက သူငယ်ချင်းပါ။
アンナ へえ。いつですか。 ဟယ် ... ဘယ်တော့လဲ။
အန်းနာ HÊ. ITSU DESU KA.
ဟယ် ... ဘယ်တော့လဲ။
さくら 来月20日よ。アンナも一緒に静岡に行かない? လာမယ့်လ ၂ဝ ရက်နေ့ပါ။ အန်းနာ လည်းအတူတူ ရှိဇူအိုကာကို သွားရအောင်။
ဆာ့ခူရာ RAIGETSU HATSUKA YO. ANNA MO ISSHO NI SHIZUOKA NI IKANAI?
လာမယ့်လ ၂ဝ ရက်နေ့ပါ။ အန်းနာ လည်းအတူတူ ရှိဇူအိုကာကို သွားရအောင်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

NAI ကြိယာပုံစံ + ?

NAI ပုံစံကြိယာကို အသံမြှင့်ပြီးပြောလိုက်မယ်ဆိုရင် တစ်ယောက်ယောက်ကို တစ်ခုခုလုပ်ဘို့ ဖိတ်ခေါ်လိုက်တဲ့သဘောမျိုး ဖြစ်သွားပါတယ်။
ဥပမာ  - ISSHO NI EIGA O MINAI?
တူတူရုပ်ရှင်ကြည့်မလား။
ပိုပြီ:ယဥ်ယဥ်ကျေး​ကျေးပြောရင်-
ISSHO NI EIGA O MIMASENKA?
ရုပ်ရှင်တူတူမကြည့်ဘူးလား။

သင်ပေးပါဆရာမ

လတစ်လမှာရှိတဲ့ရက်တွေကို ဘယ်လိုပြောသလဲ။
ဂျပန်လို လတစ်လရဲ့ပထမဦးဆုံးရက်ဖြစ်တဲ့ ၁ ရက်နေ့ကိုTSUITACHI လို့ခေါ်ပါတယ်။ မူရင်းအဓိပ္ပါယ် လစထွက်တဲ့နေ့ပါ။

အိုနိုမာတိုပဲ

တိရိစ္ဆာန်တွေရဲ့အော်သံ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဆာ့ခူရာရဲ့ ဇာတိမြို့ ရှီဇူအိုကာ ကိုဆာ့ခူရာနဲ့အတူသွားလည်မယ်။ ဆာ့ခူရာနဲ့အတူ မင်္ဂလာဆောင်ကို လိုက်သွားလို့ရမယ်လို့ထင်ထားတာ။ ဒါပေမယ့် ကိုယ့်ကို ဖိတ်မထားရင် သွားလို့မရဘူးတဲ့။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။