သင်ခန်းစာ 21
ဟင့်အင်း.. အဲဒီလောက်လည်းမဟုတ်ပါဘူး။

ကာရာအိုကေသီချင်းဆိုတဲ့နေရာမှာ အန်းနာက ဂျပန်သီချင်း တပုဒ်ကို ဆိုခဲ့ပါတယ်။ ဆာ့ခူရာ က သီချင်းဆိုတော်တဲ့အန်းနာကို ချီးကျူးလိုက်ပါတယ်။
အဓိက စကားပြောများ
IIE, SOREHODODEMO
သင်ခန်းစာ စာမူများ
さくら | アンナ、上手だね。 | အန်းနာ တော်တယ်နော်။
|
---|---|---|
ဆာ့ခူရာ | ANNA, JÔZU DA NE.
အန်းနာ တော်တယ်နော်။
|
|
アンナ | いいえ、それほどでも。 | ဟင့်အင်း ... အဲဒီလောက်လည်း မဟုတ်ပါဘူး။
|
အန်းနာ | IIE, SOREHODODEMO.
ဟင့်အင်း ... အဲဒီလောက်လည်း မဟုတ်ပါဘူး။
|
|
ロドリゴ | あっ、もうこんな時間です。 | ဟယ် ... ဒီအချိန်တောင်ရှိနေပြီ။
|
ရိုဒရီဂို | A', MÔ KONNA JIKAN DESU.
ဟယ် ... ဒီအချိန်တောင်ရှိနေပြီ။
|
|
アンナ | 大変。門限に間に合わない。 | ဒုက္ခပါဘဲ။ ပြန်ရမယ့် သတ်မှတ်ချိန်ကိုမမီဘူး။
|
အန်းနာ | TAIHEN. MONGEN NI MANIAWANAI.
ဒုက္ခပါဘဲ။ ပြန်ရမယ့် သတ်မှတ်ချိန်ကိုမမီဘူး။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
IIE, SOREHODODEMO
ဟင့်အင်း.. အဲဒီလောက်လည်းမဟုတ်ပါဘူး။
IIEဆိုတာ ဟင့်အင်း..လို့ငြင်းတာပါ။
SOREHODODEMOဆိုတာက အဲဒီလောက်လည်းမဟုတ်ပါဘူး လို့ အဓိပ္ပာယ်ရပါတယ်။
IIE, SOREHODODEMO ဆိုတာကို တစ်ဘက်သားက ကိုယ့်ကိုချီးမွမ်းပြီးပြောလာရင် ကိုယ့်ကိုကိုနှိမ့်ချပြီး ပြောချင်တဲ့အခါမှာ သုံးနိုင်ပါတယ်။
သင်ပေးပါဆရာမ
NAI ပုံစံကြိယာများ
NAI နဲ့ဆုံးတဲ့ ကြိယာတွေက NAI ပုံစံကြိယာ တွေလို့ ခေါ်ပါတယ်။ MASU ပုံစံကြိယာတွေက NAI ပုံစံ ကြိယာတွေအဖြစ် ဘယ်လို ပြောင်းရတယ်ဆိုတာ ရှင်းပြပါမယ်။ MASU ပုံစံကြိယာကနေ ပေါ့ပေါ့ပါးပါးပြောတဲ့ အငြင်းပုံစံ ပြောင်းဖို့အတွက် NAI ပုံစံ ကိုသုံးပါတယ်။
အိုနိုမာတိုပဲ
စိတ်လှုပ်ရှားပျော်ရွှင်စွာ အော်ဟစ်သံ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဂျပန်လူမျိုးတွေက လူကြားထဲမှာဆိုရင် စိတ်လှုပ်ရှားတာ ကိုဖော်ပြလေ့မရှိကြဘူးလို့ထင်ခဲ့တာ ဒါပေမယ့် ကာရာအိုကေခန်းမှာတော့ သူတို့တွေက ပုံစံပြောင်းသွားပါတယ်။ ဒီနေ့ တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးမှုတွေရခဲ့သလို ခံစားခဲ့ရပါတယ်။
