သင်ခန်းစာ 20
ဂျပန်သီချင်းကိုဆိုဖူးပါသလား။

အန်းနာနဲ့ သူငယ်ချင်းတွေဟာ ကာရာအိုကေ သီချင်းဆိုတဲ့ နေရာကို သွားခဲ့ကြပါတယ်။
အဓိက စကားပြောများ
NIHON NO UTA O UTATTA KOTO GA ARIMASU KA
သင်ခန်းစာ စာမူများ
ロドリゴ | アンナさんは日本の歌を歌ったことがありますか。 | အန်းနာ ... ဂျပန်သီချင်းဆိုဖူးသလား။
|
---|---|---|
ရိုဒရီဂို | ANNA-SAN WA NIHON NO UTA O UTATTA KOTO GA ARIMASU KA.
အန်းနာ ... ဂျပန်သီချင်းဆိုဖူးသလား။
|
|
アンナ | はい、あります。 | ဟုတ်ကဲ့ ... ဆိုဖူးပါတယ်။
|
အန်းနာ | HAI, ARIMASU.
ဟုတ်ကဲ့ ... ဆိုဖူးပါတယ်။
|
|
さくら | どんな曲が得意? | ဘယ်လိုသီချင်းမျိုးတွေ ကျွမ်းလဲ။
|
ဆာ့ခူရာ | DONNA KYOKU GA TOKUI?
ဘယ်လိုသီချင်းမျိုးတွေ ကျွမ်းလဲ။
|
|
アンナ | アニメの曲です。 | အနီမဲကာတွန်း ရုပ်ရှင်သီချင်းတွေပါ။
|
အန်းနာ | ANIME NO KYOKU DESU.
အနီမဲကာတွန်း ရုပ်ရှင်သီချင်းတွေပါ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
ARIMASU ဆိုတာပိုင်ဆိုင်မှုကို ဖော်ပြတဲ့ ကြိယာပါ
သင်ခန်းစာ ၇ မှာတုန်းက ARIMASU ဆိုတာကို တစ်ခုခု တည်ရှိတယ်၊ သို့မဟုတ်၊ ရှိတယ် ရှိမယ် လို့မှတ်ထားခဲ့တယ်။ သင်ခန်းစာ ၉ မှာတော့ တစ်ခုခုကို လုပ်မယ်၊ကျင်းပတယ် လို့ မှတ်ထားခဲ့တယ်။ ခုလေ့လာနေရတာက ARIMASU တစ်ခုခုလုပ်ဖူးတဲ့ အတွေ့အကြုံ ရှိတယ် လို့ ဆိုတာပါ။
ဥပမာ-
NIHON NO UTA O UTATTA KOTO GA ARIMASU KA. ဂျပန်သီချင်း ကို ဆိုဖူး ပါသလား။
သင်ပေးပါဆရာမ
TA ပုံစံကြိယာ + KOTO GA ARIMASU,
TA ပုံစံကြိယာတွေက အတိတ် ဒါမှမဟုတ် ပြီးသွားတဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပါတယ်။
အိုနိုမာတိုပဲ
ရထား
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ဂျပန်မှာ ကာရာအိုကေဆိုင်ကို ပထမဦးဆုံးအကြိမ်သွားခဲ့တယ်။ အဲဒီမှာ တစ်ယောက်တည်း သီချင်းဆို လာလေ့ကျင့်တဲ့သူတွေတောင် ရှိတယ်တဲ့။ အံ့သြလိုက်တာ။
