NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 2

သင်ခန်းစာ 2

ဒါဟာဘာပါလဲ။

ထိုင်းကျောင်းသူ အန်းနာက တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်နေတဲ့ ကျူတာ ဆာ့ခူရာနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ခဲ့ပါတယ်။ အန်းနာက ဆာ့ခူရာကို တစ်ခုခု လှမ်းပေးလိုက်ပါတယ်။

သင်ခန်းစာ 2 ၁ဝ မိနစ်

အဓိက စကားပြောများ

KORE WA NAN DESU KA

သင်ခန်းစာ စာမူများ

アンナ さくらさん。はい、どうぞ。 ဆာ့ခူရာစံ ရော့ - ယူပါဦး။
အန်းနာ SAKURA-SAN. HAI, DÔZO.
ဆာ့ခူရာစံ ရော့ - ယူပါဦး။
さくら これは何ですか。 ဒါဟာဘာပါလဲ။
ဆာ့ခူရာ KORE WA NAN DESU KA.
ဒါဟာဘာပါလဲ။
アンナ それはタイのお土産です。 အဲဒါဟာထိုင်းနိုင်ငံကအမှတ်တရပစ္စည်းပါ။
အန်းနာ SORE WA TAI NO OMIYAGE DESU.
အဲဒါဟာထိုင်းနိုင်ငံကအမှတ်တရပစ္စည်းပါ။
さくら ありがとうございます。 ကျေးဇူးတင်ပါတယ်။
ဆာ့ခူရာ ARIGATÔ GOZAIMASU.
ကျေးဇူးတင်ပါတယ်။
アンナ どういたしまして。 ရပါတယ်။ ကိစ္စမရှိပါဘူး။
အန်းနာ DÔITASHIMASHITE.
ရပါတယ်။ ကိစ္စမရှိပါဘူး။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

A NO B

NO ဆိုတာက နာမ် ၂ ခုကို ဆက်တဲ့ဝိဘတ်ပါ။ ဂျပန်စကားမှာ နာမ်ကို အထူးပြုတဲ့ စကားလုံးကို နာမ်ရဲ့ ရှေ့မှာ ထည့်ပါတယ်။
ဥပမာ - TOKYO NO OMIYAGE   တိုကျိုက အမှတ်တရပစ္စည်း

သင်ပေးပါဆရာမ

မေးခွန်းဝါကျများ
ဂျပန်လို မေးခွန်းမေးတဲ့အခါ စကားလုံးအစီအစဉ် အထား အသိုကို မပြောင်းရပါဘူး။ ဝါကျရဲ့အဆုံးမှာ ဝိဘတ်

အိုနိုမာတိုပဲ

လမ်းလျှောက်ခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဆာ့ခူရာရဲ့အိပ်မက်က နိုင်ငံခြားမှာ ဂျပန်စာသင်တဲ့ ဆရာမတစ်ယောက် ဖြစ်ဖို့ပါ။ ကျွန်မအိပ်မက် ကတော့ မန်းဂါ့ကာတွန်းတွေကို ဂျပန်လို ဖတ်တတ်ဖို့ပါပဲ။ စာကြိုးစားမယ်၊ ကြိုးစားမယ်၊ အစွမ်းကုန် ကြိုးစားရမယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။