NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 19

သင်ခန်းစာ 19

၀မ်းသာပါတယ်

အန်းနာဟာ သူငယ်ချင်းတွေနဲ့မျက်ခြေပြတ် သွားပါတယ်။ အဲဒီအခါ ဆာ့ခူရာဆီကို ဖုန်းခေါ်ပြီး ကူညီဖို့ပြောခဲ့ပါတယ်။ အန်းနာတစ်ယောက် ဆာ့ခူရာတို့ ရိုဒိုရီဂိုတို့နဲ့ ပြန်တွေ့ပါ့ မလား။

သင်ခန်းစာ 19 ၁ဝ မိနစ်

အဓိက စကားပြောများ

YOKATTA

သင်ခန်းစာ စာမူများ

ロドリゴ おーい、アンナさん。 ဟေး ... အန်းနာ။
ရိုဒရီဂို ÔI, ANNA-SAN.
ဟေး ... အန်းနာ။
アンナ みんな。 ဟေး ... အားလုံး (သူငယ်ချင်းတို့)
အန်းနာ MINNA.
ဟေး ... အားလုံး (သူငယ်ချင်းတို့)
ロドリゴ よかった。心配したよ。 တော်ပါသေးရဲ့။ စိတ်ပူနေတာ။
ရိုဒရီဂို YOKATTA. SHINPAI SHITA YO.
တော်ပါသေးရဲ့။ စိတ်ပူနေတာ။
アンナ ごめんなさい。
カメラが安かったので、つい見てしまいました。
တောင်းပန်ပါတယ်။ ကင်မရာတွေက ဈေးပေါတာကြောင့် အမှတ်တမဲ့ ကြည့်နေလိုက်မိတယ်။
အန်းနာ GOMENNASAI.
KAMERA GA YASUKATTA NODE, TSUI MITE SHIMAIMASHITA.
တောင်းပန်ပါတယ်။ ကင်မရာတွေက ဈေးပေါတာကြောင့် အမှတ်တမဲ့ ကြည့်နေလိုက်မိတယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

နာမဝိသေသနတွေ ရဲ့ အတိတ်ကာလပုံစံပါ။

ဂျပန့်နာမဝိသေသနတွေမှာ  အတိတ်ကာလပုံစံ တွေရှိပါတယ်။ I-ပုံစံ နာမဝိသေသန ကို အတိတ်ကာလပုံစံ ရဖို့ဆိုရင်  I-ကို KATTA. လို့ ပြောင်းရပါမယ်။NA- ပုံစံ နာမဝိသေသနတွေကို အတိတ်ကာလပုံစံ ရဖို့ဆိုရင် DATTA ဆိုတာကို ပေါင်းထည့်ရ မယ်။
ဥပမာ -  
I- ပုံစံ နာမဝိသေသန ။
YASUI (ဈေးသက်သာသော) ။  
YASUKATTA (ဈေးသက်သာခဲ့သော)
NA- ပုံစံ နာမဝိသေသန။
SUKI (ကြိုက်သော )။
SUKI  DATTA, ( ကြိုက်ခဲ့သော  )။

ချွင်းချက် ။ II(ကောင်းသော)။
YOKATTA(ကောင်းခဲ့သော)။

သင်ပေးပါဆရာမ

နာမဝိသေသနတွေရဲ့ အတိတ်ကာလပုံစံ
ဂျပန်စကားမှာ I-နာမဝိသေ သန နဲ့ NA -နာမဝိသေ သန ၂ မျိုးကိုလေ့လာခဲ့ပါတယ်။ I-နာမဝိသေသနတွေဆိုတာက I ဆိုတဲ့ စာလုံးနဲ့ ဆုံးတဲ့ ဥပမာ - ဈေးသက်သာသောလို့ အဓိပ္ပာယ်ရတဲ့ YASUI ဆိုတဲ့စာကားလုံးမျိုးပါ။ NA-နာမဝိသေသနတွေဆိုတာ SUKI (ကြိုက်သော) ဆိုတဲ့ နာမဝိသေသနလိုမျိုး နာမ်ကို အထူးပြုချင်တဲ့အခါ NA ဆိုတာကို ပေါင်းထည့်တဲ့ နာမဝိသေသနကို ခေါ်တာပါ။ နာမ်ကို အထူးပြုချင်တဲ့ အခါ SUKI က SUKINA လို့ပြောင်းသွားပါတယ်။ ဥပမာ - ကြိုက်တဲ့မန်းဂါ့ကာတွန်းလို့ ပြောချင်ရင် SUKINA MANGA. လို့ပြောရမှာပါ။

အိုနိုမာတိုပဲ

ကင်မရာ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ကျမလမ်းပျောက်သွားတော့ ဆာ့ခူရာနဲ့ ရိုဒိုရီဂိုတို့က အရမ်း စိတ်ပူနေခဲ့ကြတယ်။ တို့တောင်းပန်ပါတယ်။ ဒါပေမယ့် တို့ သူတို့ကို စောင့်နေတဲ့ အချိန်အတွင်းမှာ ကင်မရာတစ်လုံး ဝယ်ခဲ့တယ်။ အဲဒီကင်မရာကို သုံးပြီး ဘယ်လို ဓါတ်ပုံမျိုးတွေ ရိုက်ရမလဲ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။