သင်ခန်းစာ 17
သင့်ရဲ့အကြံပြုချက်ကဘာလဲ။

စာအုပ်ဆိုင်ထဲမှာ အန်းနာက စိတ်ဝင်စားဖို့ ကောင်းပုံရတဲ့ မန်းဂါ့စာအုပ် တွေကို ရှာတွေ့သွားခဲ့ပေမယ့် သူဘာကိုဝယ်ရမယ် ဆိုတာ မဆုံးဖြတ်နိုင် ဖြစ်နေပါတယ်။
အဓိက စကားပြောများ
OSUSUME WA NAN DESU KA
သင်ခန်းစာ စာမူများ
アンナ | あ、この本いいなあ。あれも面白そう。 | အာ... ဒီစာအုပ် ကောင်းလိုက်တာ။ ဟိုဟာ လည်းစိတ်ဝင်စားဖို့ကောင်း မယ့်ပုံပဲ။
|
---|---|---|
အန်းနာ | A, KONO HON II NÂ. ARE MO OMOSHIROSÔ.
အာ... ဒီစာအုပ် ကောင်းလိုက်တာ။ ဟိုဟာ လည်းစိတ်ဝင်စားဖို့ကောင်း မယ့်ပုံပဲ။
|
|
アンナ | さくらさんのおすすめは何ですか。 | ဆာ့ခူရာစံက ကောင်းတယ်လို့ ညွှန်းချင်တာ ကဘာပါလဲ။
|
အန်းနာ | SAKURA-SAN NO OSUSUME WA NAN DESU KA.
ဆာ့ခူရာစံက ကောင်းတယ်လို့ ညွှန်းချင်တာ ကဘာပါလဲ။
|
|
さくら | これはどう? | ဒါ ဘယ်လိုသဘောရလဲ။
|
ဆာ့ခူရာ | KORE WA DÔ?
ဒါ ဘယ်လိုသဘောရလဲ။
|
|
アンナ | ホラーはちょっと…。 | ကြောက်စရာကာတွန်း တွေကတော့... အင်း...။
|
အန်းနာ | HORÂ WA CHOTTO....
ကြောက်စရာကာတွန်း တွေကတော့... အင်း...။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
WA CHOTTO
ဒီစကားလုံးကို တိုက်ရိုက်နည်းနဲ့ မဟုတ်ဘဲ သွယ်ဝိုက်ပြီး ငြင်ငြင်သာသာငြင်းပယ်တဲ့အခါ သုံးနိုင်ပါတယ်။
ဥပမာ HORÂ WA CHOTTO...
(ကြောက်စရာကောင်းတာတွေကတော့.... နည်းနည်း.... အင်း..)
သင်ပေးပါဆရာမ
နာမဝိသေသန + SÔ
OMOSHIROSÔ ဆိုတာကကြည့်ရတာ စိတ်ဝင်စားဘို့ ကောင်းမယ့်ပုံဘဲ လို့ ပြောတာပါ။ နာမဝိသေသန နောက်ကနေ SÔ ကိုထည့်လိုက်ရင် တစ်ခုခုကို ကြည့်ပြီး ခန့်မှန်း ဆုံးဖြတ်တဲ့ အခါသုံးတဲ့ စကားလုံးပါ။ တစ်ခုခုကို နားထောင်ပြီးတော့ ဒါမှမဟုတ် ကြည့်ပြီးတော့ ကိုယ့်အမြင်ကို ပြောတဲ့နေရာမှာလည်းသုံးပါတယ်။
အိုနိုမာတိုပဲ
တိတ်ဆိတ်ခြင်း၊ စနစ်တကျ အစီအရီ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
စာအုပ်ဆိုင်ကြီးထဲမှာ လာဝယ်တဲဝယ်သူတွေအတွက် ကွန်ပျူတာထဲက နေစာအုပ်ရှာလို့ရတဲ့စနစ်ရှိတယ်။ ကျွန်တော်တို့က အဲဒီစနစ်ကိုသုံးပြီး ရှာချင်တဲ့စာအုပ်က ဆိုင်မှာရှိလား ရှိတယ်ဆိုရင် ဘယ်နေရာမှာရှိလဲဆိုတာ ကိုကြည့်လို့ရတယ်။ အဆင်ပြေပါတယ်။
