NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 15

သင်ခန်းစာ 15

သူတို့အိပ်နေကြတယ်

ထိုင်းနိုင်ငံက ကျောင်းသူလေး အန်းနာက ဆာ့ခူရာနဲ့ ရိုဒရီဂိုတို့နဲ့အတူ ရှင်ဂျုကုက စာအုပ်ဆိုင်တစ်ဆိုင်ကို သွားနေပါတယ်။ သူတို့စီးလာတဲ့ ရထားဟာ ရှင်ဂျုကုဘူတာကိုရောက်ခါနီးနေပါပြီ။

သင်ခန်းစာ 15 ၁ဝ မိနစ်

အဓိက စကားပြောများ

NETE IMASU

သင်ခန်းစာ စာမူများ

さくら 次は新宿駅です。さあ、降りましょう。 နောက်လာမှာက ရှင်းဂျုခုဘူတာပါ။ ကဲ ... ဆင်းကြစို့။
ဆာ့ခူရာ TSUGI WA SHINJUKU EKI DESU. SÂ, ORIMASHÔ.
နောက်လာမှာက ရှင်းဂျုခုဘူတာပါ။ ကဲ ... ဆင်းကြစို့။
ロドリゴ あれ。あの人たち、寝ています。 ဟယ် ... ဟိုလူတွေအိပ်နေကြတယ်။
ရိုဒရီဂို ARE. ANO HITO TACHI, NETE IMASU.
ဟယ် ... ဟိုလူတွေအိပ်နေကြတယ်။
アンナ 大丈夫かな。 အဆင်ပြေကြလား မသိဘူး။ (ဖြစ်ရဲ့လားမသိဘူး)
အန်းနာ DAIJÔBU KANA.
အဆင်ပြေကြလား မသိဘူး။ (ဖြစ်ရဲ့လားမသိဘူး)
さくら 大丈夫、大丈夫。ほら、起きた。 ဖြစ်တယ်။ အဆင်ပြေတယ်။ ကြည့် ... နိုးသွားပြီ။
ဆာ့ခူရာ DAIJÔBU, DAIJÔBU. HORA, OKITA.
ဖြစ်တယ်။ အဆင်ပြေတယ်။ ကြည့် ... နိုးသွားပြီ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  MASHÔ

MASU ကို  MASHÔ လို့ပြောင်းလိုက်ရင် တစ်ခုခုကို လုပ်ကြစို့လို့ အဆိုပြုတဲ့ သဘော ဖြစ်သွားပါတယ်။ ကိုယ်က အဆိုပြုလိုက်တဲ့အခါမှာ ကိုယ့်အဆိုကို သေသေချာချာ လက်ခံတဲ့လူကိုမှ ဒီစကားကို သုံးလို့ရတယ်။
KOKO DE ORIMASU.  ဒီနေရာမှာဆင်းမယ်။
>> KOKO DE ORIMASHÔ. ဒီနေရာမှာဆင်းကြစို့။
အကယ်လို့ တစ်ဖက်က သဘောတူသလား မတူဘူးလား မေးချင်ရင် MASHÔ အစား  MASENKA ကိုသုံးလို့ ရတယ်။ သင်ခန်းစာ ၁၃ မှာလေ့လာပါ။

TE-ကြိယာပုံစံ + IMASU

TE ပုံစံကြိယာကို  IMASU ပေါင်းထည့်ပြီး ပြောရင် လှုပ်ရှားမှုတစ်ခုက ဆက်ဖြစ်နေတယ် ဆိုတဲ့ အခြေအနေကို ဖော်ပြပါတယ်။
WATASHI WA GOHAN O TABETE IMASU. ကျတော်(သို့) ကျမ ထမင်းစားမယ်။
>> WATASHI WA GOHAN O TABETE IMASU. ကျတော်(သို့) ကျမ ထမင်းစားနေတယ်။

သင်ပေးပါဆရာမ

နာမဝိသေသန တွေ ရဲ့ အငြင်းပုံစံ
သင်ခန်းစာ ၁၃ မှာတုန်းက I- နာမဝိသေသနနဲ့ NA-နာမဝိသေသနဆိုပြီး နာမဝိသေသန ၂ မျိုးရှိတယ်လို့ လေ့လာခဲ့ တယ်။ ATARASHII(သစ်သော)ဆိုတာက I နဲ့ဆုံးတဲ့ I- နာမဝိသေသနပါ။ NA-နဲ့ဆုံးတဲ့ နာမဝိသေသနတွေကတော့သူတို့အထူးပြုမယ့်နာမ် တွေရဲ့ရှေ့မှာ NA-ကိုထည့်တဲ့နာမဝိသေသနတွေပါ။ ဒီတော့ ဒီနေ့သင်ခန်းစာမှာ လေ့လာခဲ့တဲ့ DAIJÔBU အဆင်ပြေသော ဆိုတာကို နာမ်တွေရှေ့မှာ ထားသုံးမယ်ဆိုရင် DAIJÔBUNA လို့ ဖြစ်သွားပါတယ်။

အိုနိုမာတိုပဲ

အိပ်နေတယ်
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဂျပန်ကရထားတွေဟာအချိန်မှန်တယ် လွယ်ကူအဆင်ပြေတယ်။ ဒါပေမယ့် ရထားပေါ်မှာ ဖုန်းမပြောရပါဘူး။ဒါကိုသတိထားရပါမယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။