NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > Podcasting ကို ဘယ်လိုသုံးမလဲ။

Podcasting ကို ဘယ်လိုသုံးမလဲ။

Podcasting ကိုသုံးပြီး လွယ်ကူလေ့လာ ဂျပန်စာကိုနားထောင်ရန်

NHK World Radio Japan က Podcasting ကိုသုံးပြီး လွယ်ကူလေ့လာ ဂျပန်စာအတွက် သင်ခန်းစာအသံဖိုင်လ်တွေကို ဖြန့်ဝေနေပါတယ်။
တစ်ကြိမ်စာရင်းသွင်းထားရင် သင်ခန်းစာတစ်ခုထုတ်လွှင့်တိုင်း သင်သုံးတဲ့စက်က အလိုအလျောက် downloadလုပ်ပြီးသားဖြစ်သွားမှာပါ။ အင်တာနက် ဆက်သွယ်မှု မရှိရင်လည်း download လုပ်ထားတဲ့ အသံဖိုင်လ်ကိုနားထောင်နိုင်ပါတယ်။ နောက်ဆုံးသင်ခန်းစာ အသစ်ကို နားမထောင်လိုက်ရဘဲ လွတ်သွားမှာကို စိတ်မပူရပါဘူး။

ဒီစနစ်ကို အသုံးပြုပုံ

Podcasting ကိုအသုံးပြုဘို့အတွက် အင်တာနက်လိုင်းချိတ်ထားဖို့နဲ့ Application Software လိုအပ်ပါတယ်။ Podcast player အတွက် Application Software ကို အင်တာနက်ကနေတစ်ဆင့် ရယူနိုင်ပါတယ်။

Smartphone တွေနဲ့ tablet တွေအတွက်

  1. Podcasting အတွက် သင့်စက်မှာ application ကို download လုပ်ပါ။
  2. application ကိုဖွင့်ပြီး NHK World Radio Japan ရဲ့ Easy Japanese in Burmese သင်ခန်းစာကိုရှာပါ။
  3. Easy Japanese in Burmese သင်ခန်းစာကို ရွေးလိုက်ပြီး စာရင်းသွင်းပါ။

ကွန်ပြူတာအတွက်

iTunes
  1. မိမိကွန်ပျူတာမှာ iTunes တွေလိုမျိုး Podcasting အတွက် software ကို download လုပ်ပြီး ထည့်သွင်းထားပါ။
  2. Application Software မှာ သင်နားဆင်လိုတဲ့ အစီအစဉ်ကို စာရင်းသွင်းပါ။ (iTunes သုံးနည်း)
    application ကို စဖွင့်လိုက်ပါ။ ပြီရင်း menu ထဲက Podcast ရွေးပါ။
    ပြီးရင် လွယ်ကူလေ့လာ ဂျပန်စာသင်ခန်းစာ စာမျက်နှာကိုဖွင့်ပါ။ RSS Podcasting လို့ခေါင်းစဉ်တပ်ထားတဲ့ icon ကို ဆွဲယူပြီး iTunes screen မှာ နေရာချလိုက်ပါ။ ဒါဆိုရင် လုပ်ငန်းစဉ်ပြီးပါပြီ။
NHK website ကနေထွက်ပါမယ်။