NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > KARA နဲ့ NODE ရဲ့ ခြားနားချက် (သင်ခန်းစာ 28)

သင်ပေးပါဆရာမ

KARA နဲ့ NODE ရဲ့ ခြားနားချက် (သင်ခန်းစာ 28)

KARA နဲ့ NODE၂ခုလုံးကိုအကြောင်းပြချက်တစ်ခုခုကိုပေးဖို့အတွက် သုံးပါတယ်။ ဥပမာ - KAWAII (ချစ်စရာကောင်းသော) ဆိုတဲ့ နာမဝိသေသနစကားလုံးက အကြောင်းပြချက်တစ်ခုဖြစ်မယ်ဆိုရင် KAWAII KARA ဒါမှမဟုတ် KAWAII NODE လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့ကို NA နာမဝိသေသနဲ့ နာမ်တွေနဲ့တွဲသုံးလိုက်ရင် KARAက DAKARA လို့ဖြစ်သွားပြီး NODE က NANODE လို့ဖြစ်သွားပါတယ်။ ဥပမာ - YAKUSOKU (ကတိ) ဆိုတာက အကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ YAKUSOKU ကနာမ်ပါ။ ဒီတော့ KARAကိုသုံးမယ်ဆိုရင် YAKUSOKU DAKARA လို့ပြောနိုင်ပြီးတော့ NODE ကိုသုံးမယ်ဆိုရင် YAKUSOKU NANODE လို့ပြောရပါတယ်။
KARA နဲ့ NODE က အဓိပ္ပာယ် သိပ်မကွာဘူး။ တော်တော်လေးဆင်တယ်။ ဒါပေမယ့် NODE ကိုသုံးမယ်ဆိုရင် ပိုပြီးနားဝင်ချိုအောင်ရှင်းပြတဲ့ပုံစံမျိုးဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ NODE မှာပါတဲ့ န သံ က KARA မှာပါတဲ့ ခ သံထက် ပိုပြီး နူးညံ့ပျော့ပျောင်းသလိုမျိုး ဖြစ်နေတာကြောင့်ပါ။ NODE ဆိုတာကို ယဉ်ယဉ်ကျေးကျေး ပြောရတဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်တွေနဲ့ အခမ်းအနားတွေမှာ သုံးလေ့ရှိပါတယ်။
NHK website ကနေထွက်ပါမယ်။