NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > နာမဝိသေသနတွေရဲ့ အတိတ်ကာလပုံစံ (သင်ခန်းစာ 19)

သင်ပေးပါဆရာမ

နာမဝိသေသနတွေရဲ့ အတိတ်ကာလပုံစံ (သင်ခန်းစာ 19)

ဂျပန်စကားမှာ I-နာမဝိသေ သန နဲ့ NA -နာမဝိသေ သန ၂ မျိုးကိုလေ့လာခဲ့ပါတယ်။ I-နာမဝိသေသနတွေဆိုတာက I ဆိုတဲ့ စာလုံးနဲ့ ဆုံးတဲ့ ဥပမာ - ဈေးသက်သာသောလို့ အဓိပ္ပာယ်ရတဲ့ YASUI ဆိုတဲ့စာကားလုံးမျိုးပါ။ NA-နာမဝိသေသနတွေဆိုတာ SUKI (ကြိုက်သော) ဆိုတဲ့ နာမဝိသေသနလိုမျိုး နာမ်ကို အထူးပြုချင်တဲ့အခါ NA ဆိုတာကို ပေါင်းထည့်တဲ့ နာမဝိသေသနကို ခေါ်တာပါ။ နာမ်ကို အထူးပြုချင်တဲ့ အခါ SUKI က SUKINA လို့ပြောင်းသွားပါတယ်။ ဥပမာ - ကြိုက်တဲ့မန်းဂါ့ကာတွန်းလို့ ပြောချင်ရင် SUKINA MANGA. လို့ပြောရမှာပါ။ I -နာမဝိသေသနရဲ့ အတိတ်ကာလပုံစံ ကိုရဖို့ဆိုရင်
I ဆိုတာကို KATTAလို့ ပြောင်းရမယ်။ ဥပမာ - YASUI (ဈေးသက်သာသော) ဆိုတာကို အတိတ်ကာလပုံစံလုပ်ရင် YASUKATTA လို့ပြောင်းရမယ် ။ TAKAI (ဈေးကြီးသော) ကို အတိတ်ကာလပုံစံ လုပ်ရင် TAKAKATTA. လို့ဖြစ်သွားပါတယ်။
ဒါပေမယ့်ဒီသင်ခန်းစာမှာပါတဲ့ YOKATTA (တော်ပါသေးရဲ့) ဆိုတာက ချွင်းချက်ပေါ့။ သူသဏ္ဍာန် ပြောင်းတာက ပုံမှန်နဲ့မတူပါဘူး။
YOKATTA, ဆိုတာက II (ကောင်းသော) ဆိုတဲ့ ပစ္စုပ္ပန်ပုံစံ ကနေ YOKATTA ဆိုတဲ့ အတိတ်ပုံစံ ဖြစ်သွားတာပါ။ ဒါကို သီးသန့် မှတ်သားထားပါ။
I - နာမဝိသေသနတွေကို အတိတ်ကာလ အငြင်းပုံစံကိုပြောင်းမယ် ဆိုရင် I ဆိုတာကို KUNAKATTA လို့ပြောင်းရပါမယ်။
ဥပမာ - YASUI (ဈေးသက်သာသော) ဆိုတာက YASUKU NAKATTA (ဈေးမသက်သာခဲ့သော) လို့ဖြစ်သွားတာပါ။
II,(ကောင်းသော) ဆိုတာက YOKU NAKATTA မကောင်းခဲ့သောလို့ ဖြစ်သွားပါမယ်။
NA-ပုံစံ နာမဝိသေသနတွေရဲ့ အတိတ်ကာလပုံစံကိုရဖို့ ဆိုရင် အဲဒီနာမဝိသေသနတွေရဲ့အဆုံးမှာ DATTA ဆိုတာကိုပေါင်းထည့်ရ မယ်။ ဒီတော့ SUKI (ကြိုက်သော) ဆိုတာက SUKI DATTA(ကြိုက်ခဲ့သော) ဆိုတာ ဖြစ်သွားပါတယ်။ BENRI (အဆင်ပြေသော) ဆိုတာက BENRI DATTA (အဆင်ပြေခဲ့သော) ဖြစ်သွားတယ်။

NA-နာမဝိသေသနတွေကို အတိတ်ကာလ အငြင်းပုံစံ ပြောင်းဘို့ဆိုရင် DEWA NAKATTA ကိုပေါင်းထည့်ရမယ်။ ဒီတော့ SUKI (ကြိုက်တယ်) ဆိုတာက SUKI DEWA NAKATTA (မကြိုက်ခဲ့သော) ဖြစ်သွားပါတယ်။
NHK website ကနေထွက်ပါမယ်။