NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > TE ပုံစံကြိယာ + SHIMAIMASHITA (သင်ခန်းစာ 18)

သင်ပေးပါဆရာမ

TE ပုံစံကြိယာ + SHIMAIMASHITA (သင်ခန်းစာ 18)

TE ပုံစံကြိယာရဲ့နောက်မှာ SHIMAIMASHITA ဆိုတာကိုထည့်ပြောရင် လုပ်ဆောင်ချက်တစ်ခုက အဆုံးသတ်သွားပြီး ပြန်လုပ်လို့မရတဲ့ အခြေအနေ နဂိုအတိုင်းပြန်မဖြစ်တော့တဲ့ အခြေအနေကို ရောက်သွားတယ် ဆိုတာပြတာပါ။ တစ်ခုခုလုပ်တာ မအောင်မြင်တာ ဒါမှမဟုတ် လုပ်ပြီးသွားတာကို နောင်တရနေတဲ့အခါ SHIMAIMASHITA, ဆိုတာကို သုံးပါတယ်။ ဥပမာ - ပန်းကန် ခွဲပစ်လိုက်တယ်ဆိုပါစို့။ ခွဲတာကို WARIMASU လို့ပြောတယ်။ ဒီစကားလုံးမှာ MASU ရှေ့မှာ RI ဆိုတာလာတယ်။ ဒီတော့ သူရဲ့ TE ပုံစံက WATTE ဖြစ်တယ်။ ဒါကို SHIMAIMASHITA ပေါင်းထည့်လိုက်ရင် WATTE SHIMAIMASHITA ဆိုတဲ့ -ပန်းကန် ခွဲပစ်လိုက်မိတယ် ဆိုတာ ဖြစ်သွားပါတယ်။ ဒီလိုပြောခြင်းအားဖြင့် မင်း က နမော်နမဲ့နဲ့ ပန်းကန် ခွဲပစ် လိုက်မိတယ် ဆိုပြီး ပြောတာမျိုး ဖြစ်သွားပါတယ်။
NHK website ကနေထွက်ပါမယ်။