NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > အဘိဓာန်ပုံစံကြိယာ (သင်ခန်းစာ 11)

သင်ပေးပါဆရာမ

အဘိဓာန်ပုံစံကြိယာ (သင်ခန်းစာ 11)

ဂျပန် အဘိဓာ န်မှာဖော်ပြတဲ့ ကြိယာပုံစံ ပါ။ ပေါ့ပေါ့ပါးပါး ပြောဆိုတဲ့အခါဒီ ကြိယာပုံစံ ကိုသုံးပါတယ်။

MASUဆိုတဲ့ကြိယာပုံစံကနေအဘိဓာန်ပုံစံကို ပြောင်းတဲ့ ပုံစံအများကြီးရှိပါတယ်။ ပထမအနေနဲ့ ကြိယာတစ်လုံးမှာ MASU မတိုင်ခင် E ဆိုတဲ့သရသံ ရှိနေခဲ့ရင် MASU ကို ဖယ်လိုက်ပြီးတော့ RU ဆိုတာကို ပေါင်းထည့်ပါ။ ဥပမာ- TABEMASU (စားတယ်) ဆိုတာက TABERU ဖြစ်သွားပါတယ်။ နောက်တစ်ခုက ကြိယာတစ်လုံးမှာ MASU မတိုင်ခင် သရ သံ ရှိနေခဲ့ရင် ကြိယာပုံစံ ပြောင်းနည်း၂ မျိုးရှိပါတယ်။ တစ်ခုက MASUကို ဖယ်လိုက်ပြီးတော့ RU ဆိုတာကို ပေါင်းထည့်တာပါ။ ဥပမာ - ORIMASU (ဆင်းမယ်) ဆိုတာက ORIRU ဖြစ်သွားတာပေါ့။ နောက်တစ်ခုက MASU ကို ဖယ်လိုက်ပြီးတော့ MASU မတိုင်ခင် သရသံ I ကို သရသံ U ပြောင်းလိုက်တာပါ။ ဒီတော့ IKIMASU (သွားတယ်၊ သွားမယ်) ဆိုတာမှာပါတဲ့ KI ကို KU ပြောင်းရပါတယ်။ ဒါကြောင့် IKU ဆိုတဲ့ စကားလုံးရတာပါ။
နောက်ထပ် ပုံမှန်မဟုတ်တဲ့ကြိယာ ၂ မျိုးကို ပြောပြချင်ပါတယ်။ အဲဒါတွေကတော့ KIMASU (လာတယ်၊လာမယ်) နဲ့ SHIMASU (လုပ်တယ်၊လုပ်မယ်) ဖြစ်ပါတယ်။ KIMASU က KURU ဖြစ်သွားပြီးတော့ SHIMASU က SURU ဖြစ်သွားပါတယ်။ ၂ လုံးထဲပဲ ရှိတယ်ဆိုပေမယ့် အဲဒီကြိယာတွေက အသုံးများတဲ့ ကြိယာတွေပါ။ သေချာမှတ်ထားနော်။ ပုံစံတွေကို လေ့လာဖို့ လေ့လာသင်ကြားရေးအထောက်အကူပစ္စည်း စာမျက်နှာ ကို သွားကြည့်ပါ။
NHK website ကနေထွက်ပါမယ်။