NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ပေးပါဆရာမ > IMASU နဲ့ ARIMASU (သင်ခန်းစာ 10)

သင်ပေးပါဆရာမ

IMASU နဲ့ ARIMASU (သင်ခန်းစာ 10)

သင်ခန်းစာ ၇ မှာတုန်းက အန်းနာက ကိတ်မုန့်ဆိုင် တစ်ဆိုင်မှာ ကိတ်မုန့်တွေ အများကြီး တွေ့လိုက်တော့ အံ့သြသွားပြီး ခုလိုပြောတယ်။
KÊKI GA IPPAI ARIMASU ကိတ်မုန့်တွေ အများကြီး ရှိတယ်။ ဒီနေရာမှာ နာမ်က သက်မဲ့ဖြစ်နေတဲ့အတွက် ARIMASU ကိုသုံးပါတယ်။ ဘာ ကို သုံးမလဲဆိုတာ ဆုံးဖြတ်ဖို့ အတွက် နာမ်က သက်ရှိဟုတ်သလား။ မဟုတ်ဘူးလားဆိုတာတင်မကပါဘူး သူတို့ရဲ့ဆန္ဒနဲ့ ရွေ့လျား သွားလာ နိုင်လား ဆိုတာကိုပါ ဆုံးဖြတ်ရပါတယ်။

ဥပမာ အပင်တွေဆိုတာက သက်ရှိတွေပါ။ ဒါပေမယ့် မလှုပ်ရှားနိုင်ပါဘူး။ ဒီတော့ ARIMASU လို့ သုံးပါတယ်။ စူပါမားကတ်တွေ မှာ ရောင်းတဲ့ ငါးတွေ ဆိုတာကလည်း မလှုပ်ရှားနိုင်ပါဘူး။ ဒီတော့ သူတို့ကိုလည်း ARIMASU ပဲသုံးပါတယ်။ ဒါပေမယ့် ရေကန်ထဲက ငါးကတော့ လှုပ်ရှားနိုင်တဲ့အတွက် သူတို့ကို IMASU လို့ သုံးပါတယ်။

ဘတ်စ်ကားနဲ့ ကားတွေကလည်း သူတို့ရဲ့ဆန္ဒနဲ့ သူတို့ဘာသာ ရွေ့လျားဘို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ယာဉ်မောင်းသူ ရှိနေတယ် ဆိုရင်တော့ IMASU လို့သုံးပါတယ်။ အကျဉ်းချုပ်ပြောရရင် IMASU ဆိုတာကိုတော့ လူတွေနဲ့ တိရိစ္ဆာန်တွေလို သက်ရှိတွေရဲ့တည်ရှိမှုကို ဖော်ပြဖို့ သုံးပါတယ်။ IMASEN ဆိုတာက မရှိဘူးလို့ အဓိပ္ပာယ်ရပြီး IMASU ဆိုတာက မရှိဘူးလို့ အဓိပ္ပာယ်ရပါတယ်။ မလှုပ်ရှားနိုင်တဲ့သက်မဲ့တွေရဲ့ တည်ရှိမှုကိုပြောတဲ့အခါ ARIMASU ကိုသုံးပါတယ်။ ဒါလည်း ရှိတယ်၊ ရှိမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အငြင်းပုံစံ ကတော့ ARIMASEN (မရှိဘူး။ ဖြစ်ပါတယ်။)
NHK website ကနေထွက်ပါမယ်။