ဂျပန်အက္ခရာများ
ဒီဂျပန်အက္ခရာမှာ ဟိရဂါ့န၊ ခါတာ့ခါ့နာ့ နဲ့ ခန်းဂျီး ဆိုပြီး ပုံစံ ၃ မျိုးရှိပါတယ်။ ဟိရဂါ့န နဲ့ ခါတာ့ခါ့နာ့ ဟာ အသံတစ်သံကို စကားလုံးတစ်လုံးနဲ့ဖေါ်ပြတဲ့ အသံထွက်အက္ခရာတွေဖြစ်ပြီး ဂျပန်စာကို ရေးနိုင်ဖတ်နိုင်ဘို့ ပထမဆုံးအဆင့်အနေနဲ့ ဟိရဂါ့န နဲ့ ခါတာ့ခါ့နာ့ ကို လေ့လာကြပါမယ်။
အသံထွက်အမှန်ကို နားထောင်ရန် ဒီနေရာကို နှိပ်ပါ။
ဂျပန်ဝေါဟာရစာလုံးတွေကို download လုပ်ရန်
ဟိရဂါ့န နဲ့ ခါတာ့ခါ့နာ့ စာရင်းတွေကို download ရယူပြီး (Print ထုတ်ပြီးတော့) အဲဒီစာတွေပေါ်မှာလိုက်ရေးပြီးလက်ရေးလှလေ့ကျင့်နိုင်ပါတယ်။ ဂျပန်အက္ခရာတွေကို လှလှပပရေးနိုင်ဘို့အတွက် အဓိကအရေးကြီးတဲ့ မှန်ကန်တဲ့ရေးဆွဲနည်းကို ရှင်းပြထားပါတယ်။