NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > အန်းနာနဲ့အတူ လေ့လာပါမယ်

အန်းနာနဲ့အတူ လေ့လာပါမယ်

သင်ဂျပန်စာ လေ့လာနေပုံကို ဓာတ်ပုံရိုက်ပြီးပို့ရင်၊ အထူးပြက္ခဒိန်ကို ဒေါင်းလုပ်ဒ်ဆွဲယူပြီး သိမ်းထားလို့ရပါမယ်။

NHK ရေဒီယိုဂျပန်က လွယ်ကူလေ့လာဂျပန်စာ အစီအစဉ်ကို အသုံးပြုပြီး ဂျပန်စာလေ့လာနေပုံကို ဓာတ်ပုံတစ်ပုံ ရိုက်ကူးပေးပို့ပါ။

  • “လွယ်ကူလေ့လာဂျပန်စာ” အစီအစဉ်ရဲ့ သောတရှင်များက လွယ်ကူလေ့လာဂျပန်စာ အစီအစဉ်ကို အသုံးပြုပြီး ဂျပန်စာလေ့လာနေပုံကို ဓာတ်ပုံတစ်ပုံ ရိုက်ကူးပေးပို့ပါ။ပေးပို့လာတဲ့ ဓာတ်ပုံတွေကို အင်တာနက်စာမျက်နှာပေါ်တင်ဖို့ စီစဉ်ထားပါတယ်။
  • ဓာတ်ပုံ ပေးပို့လာသူအားလုံးကို "လွယ်ကူလေ့လာဂျပန်စာ"သင်ခန်းစာ ထဲက ဇာတ်ကောင်ပုံတွေနဲ့၂၀၁၇ခုနှစ် အထူးပြက္ခဒိန် wallpapers တွေကို အခမဲ့ download ရယူခွင့်ပေးမှာ ဖြစ်ပါတယ်။
  • ဓာတ်ပုံပေးပို့တဲ့အခါ အစီအစဉ်နဲ့ပတ်သက်တဲ့ ဝေဖန်အကြံပြုချက်တွေနဲ့ ဂျပန်စကားအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး မေးချင်တဲ့ မေးခွန်းတွေကိုလည်း အတူတွဲပြီး ရေးသားပေးပို့ပါ။
    ပေးပို့လာတဲ့ ဓာတ်ပုံတွေ အားလုံးကို အင်တာနက်စာမျက်နှာပေါ်တင်ပေးနိုင် မှာမဟုတ်တဲ့အတွက် နားလည်ပေးစေလိုပါတယ်။

ဓာတ်ပုံပို့ဖြစ်အောင်ပို့ကြပါ!

ရေဒီယိုအစီအစဉ်

လွယ်ကူလေ့လာဂျပန်စာ အထူးအစီအစဉ် အန်းနာ နဲ့ အတူလေ့လာမယ်

ပထမပိုင်း။ ။ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၆ရက်

ဒုတိယပိုင်း။ ။ ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက်

ဓာတ်ပုံဘယ်လိုပို့မလဲ

  • NHK WORLD ရေဒီယိုဂျပန်က ထုတ်လွှင့်တဲ့ "လွယ်ကူလေ့လာဂျပန်စာ အစီအစဉ်"ကို နားထောင်ပြီး ဘယ်လို လေ့လာနေတယ်ဆိုတာ မြင်နိုင်တဲ့ ဓာတ်ပုံတစ်ပုံရိုက်ပါ။
  • ဂျပန်စာ လေ့လာနေတဲ့ ဓာတ်ပုံကို တစ်ယောက်တည်း ဖြစ်စေ မိတ်ဆွေ သူငယ်ချင်း မိသားစုများနဲ့ဖြစ်စေ ရိုက်ပို့လို့ရပါတယ်။ ပို့လာတဲ့ ဓာတ်ပုံဟာ အင်တာနက်စာမျက်နှာပေါ်တင်ဖို့ ရွေးချယ်ခံရနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်စာမျက်နှာပေါ်တင်နိုင်အောင် ဓာတ်ပုံမှာ ပါဝင်သူ အားလုံးရဲ့ ခွင့်ပြုချက်ကို သေသေချာချာ ယူပြီးမှ ပေးပို့ရမှာ ဖြစ်ပါတယ်။
  • ဓာတ်ပုံမပို့ခင် ဓာတ်ပုံပို့ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သဘောတူ ကြောင်း ဆုံးဖြတ်ဖို့ လိုပါတယ်။ အချက်တွေကိုသိရှိစေဖို့ ဒီအင်တာနက် စာမျက်နှာ အောက်ပိုင်းမှာရှိတဲ့ "ဓာတ်ပုံ ပေးပို့မည်" ဆိုတဲ့ အမှတ်အသားကို နှိပ်ပြီး စည်းမျဉ်းစည်းကမ်းတွေကို ဖတ်ပါ။
ဓာတ်ပုံ ပေးပို့မည်

"လွယ်ကူလေ့လာဂျပန်စာ"ကို အသုံးပြုပြီး ဂျပန်စာကို စတင်လေ့လာမယ်ဆိုရင် ဒီစာမျက်နှာတွေကို ကြည့်ရှုပါ။

ဂျပန်စာကို ဘယ်လို လေ့လာနေတယ်ဆိုတာ ဒီနေရာမှာကြည့်ပါ။

ဓာတ်ပုံ ပေးပို့မည်

pagetop