NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 36

သင်ခန်းစာ 36

ပညာမသင်လို့မရဘူး

အန်းနာနဲ့ ဆာ့ခူရာတို့ ၂ ဦးဟာ ရှီဇူအိုကာမှာ ပျော်ပျော်ရွှင်ရွှင်နေခဲ့ပြီးတဲ့နောက် တိုကျိုကိုပြန်လာခဲ့ကြပါတယ်။ ခဲန်းတာ က သူတို့၂ ယောက်ကို ဘူတာရုံကို လိုက်ပို့ခဲ့ပါတယ်။

သင်ခန်းစာ 36 ၁ဝ မိနစ်

အဓိက စကားပြောများ

BENKYÔ SHINAKEREBA NARIMASEN

သင်ခန်းစာ စာမူများ

健太 寂しくなります。 လွမ်းနေတော့မှာဘဲ။
ခဲန်းတာ SABISHIKU NARIMASU.
လွမ်းနေတော့မှာဘဲ။
アンナ 私もです。
でも、大学で勉強しなければなりません。
ကျွန်မရောပဲ။
ဒါပေမယ့် တက္ကသိုလ်မှာ ပညာမသင်လို့ မရဘူး။
အန်းနာ WATASHI MO DESU.
DEMO, DAIGAKU DE BENKYÔ SHINAKEREBA NARIMASEN.
ကျွန်မရောပဲ။ ဒါပေမယ့် တက္ကသိုလ်မှာ ပညာမသင်လို့ မရဘူး။
健太 じゃ、僕が春休みに東京に行きます。 ဒါဆို ကျွန်တော်က နွေဦးရာသီပိတ်ရက် မှာ တိုကျိုကိုလာမယ်။
ခဲန်းတာ JA, BOKU GA HARUYASUMI NI TÔKYÔ NI IKIMASU.
ဒါဆို ကျွန်တော်က နွေဦးရာသီပိတ်ရက် မှာ တိုကျိုကိုလာမယ်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

ရာသီဥတုများ

ရာသီဥတု၄မျိုးကို ဘယ်လိုပြောတယ်ဆိုတာ သင်ကြရအောင်။
သင်ကြားရေး အထောက်အကူပြုပစ္စည်း စာမျက်နှာကိုသွားလေ့လာပါ။

သင်ပေးပါဆရာမ

NAIပုံစံကြိယာ + NAKEREBA NARIMASEN
တစ်ခုခုလုပ်ကိုလုပ်ရမယ် ဒါမှမဟုတ် မလုပ်လို့မဖြစ်ဘူးဆိုတာကို ပြောတဲ့အခါ NAI ပုံစံကြိယာရဲ့ NAI နေရာမှာ NAKEREBA NARIMASEN ကိုအစားထိုးပြီးပြောရပါတယ်။

အိုနိုမာတိုပဲ

လေ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဂျပန်က ကျောင်းတွေမှာ နွေရာသီအားလပ်ရက်အပြင် ဆောင်းရာသီနဲ့ နွေဦးရာသီ အားလပ်ရက်တွေပါရှိတယ်။ နွေရာသီမှာဆိုရင် ပင်လယ်ကမ်းခြေသွား၊ ဆောင်းရာသီမှာဆိုရင် နှင်းလျှောစီး ရာသီအလိုက်ပျော်စရာတွေ အမျိုးမျိုးရှိတယ်။ ကောင်းလိုက်တာ။..

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။