သင်ခန်းစာ 33
အန်းနာ - ကိုပေးမယ်

အန်းနာဟာ ဆာ့ခူရာရဲ့မောင်ဝမ်းကွဲ ခဲန်းတာ နဲ့အတူ တက္ကသိုလ်နယ်မြေထဲက ပွဲတော်ကိုလာခဲ့ပါတယ်။ သူတို့တွေဟာ တက္ကသိုလ် ဓါတ်ပုံအသင်းက ပြသတဲ့ ဓါတ်ပုံပြပွဲကိုကြည့်နေကြပါ တယ်။
အဓိက စကားပြောများ
ANNA-SAN NI AGEMASU
သင်ခန်းစာ စာမူများ
健太 | これは、僕が富士山で撮った写真です。 | ဒါက ကျွန်တော် ဖူဂျီတောင်မှာ ရိုက်ခဲ့တဲ့ပုံပါ။
|
---|---|---|
ခဲန်းတာ | KORE WA, BOKU GA FUJISAN DE TOTTA SHASHIN DESU.
ဒါက ကျွန်တော် ဖူဂျီတောင်မှာ ရိုက်ခဲ့တဲ့ပုံပါ။
|
|
アンナ | あっ、私だ。 | အိုး ... ကျွန်မပဲ။
|
အန်းနာ | A', WATASHI DA.
အိုး ... ကျွန်မပဲ။
|
|
健太 | 驚いた? あとで、アンナさんにあげます。 |
အံ့သြသွားလား။ နောက်မှ အန်းနာကိုပေးမယ်။
|
ခဲန်းတာ | ODOROITA? ATODE, ANNA-SAN NI AGEMASU. အံ့သြသွားလား။ နောက်မှ အန်းနာကိုပေးမယ်။
|
|
アンナ | 写真をくれるんですか。うれしいです。 | ဓါတ်ပုံကိုပေးမှာလား။ ဝမ်းသာလိုက်တာ။
|
အန်းနာ | SHASHIN O KURERU N DESU KA? URESHII DESU.
ဓါတ်ပုံကိုပေးမှာလား။ ဝမ်းသာလိုက်တာ။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
AGEMASU နဲ့ KUREMASU
ဂျပန်စကားမှာ ပေးတဲ့သူရဲ့နေရာကပြောနေတာလား။ လက်ခံတဲ့သူရဲ့နေရာကပြောနေတာလားဆိုတာ အပေါ်မူတည်ပြီးတော့ ကြိယာတွေကို ခွဲသုံးပါတယ်။ ပြောတဲ့သူကနားထောင်တဲ့သူကိုတစ်ခုခု ပေးတဲ့အခါမှာ ပြောတဲ့သူက ပေးတဲ့သူရဲ့ ရှုထောင့်ကနေပြီးတော့ AGEMASU လို့ပြောပါတယ်။ KUREMASU ဆိုတာက လူတစ်ယောက်က အခြားလူတစ်ယောက်ကို တစ်ခုခု ပေးတဲ့အခါမှာလည်း သုံးပါတယ်။ သင်ပေးပါ ဆရာမကဏ္ဍကို စမယ်နော်။
သင်ပေးပါဆရာမ
AGEMASU နဲ့ KUREMASU တို့ရဲ့ခြားနားချက်
ဂျပန်စကားမှာ ပေးတဲ့သူရဲ့နေရာကပြောနေ တာလား။ လက်ခံတဲ့သူရဲ့နေရာကပြောနေတာလားဆိုတာ အပေါ်မူတည်ပြီးတော့ ကြိယာတွေကို ခွဲသုံးတာပါ။ခဲန်းတာ့လိုမျိုး ပြောတဲ့သူက နားထောင်တဲ့သူကိုတစ်ခုခုပေးတဲ့အခါမှာ ပြောတဲ့သူက ပေးတဲ့သူရဲ့ ရှုထောင့်ကနေပြီးတော့ AGEMASU လို့ပြောပါတယ်။ AGEMASU ဆိုတာကို လူတစ်ယောက်က အခြားလူတစ်ယောက်ကို တစ်ခုခု ပေးတဲ့အခါမှာလည်း သုံးပါတယ်။
အိုနိုမာတိုပဲ
ပြုံးတယ်။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ကျောင်းပွဲတော်မှာ ကျောင်းသူကျောင်းသားတွေရဲ့ အစားအသောက်ရောင်းတဲ့ တွန်းလှည်းဆိုင်ခန်းလေးတွေ အများကြီးပါပဲ။ ကျွန်မခေါက်ဆွဲကြော်စားကြည့်ခဲ့ပါတယ်။ ဆောင်းဦးရာသီမှာ အနုပညာ၊အားကစားလုပ်ချင်စိတ်နဲ့ စားချင်သောက်ချင်စိတ်ကို နှိုးဆွပေးတဲ့ရာသီဆိုပြီး ပွဲတွေအများကြီးလုပ်ကြပါတယ်။ အရမ်းကောင်းတဲ့ရာသီပါ။
