NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 30

သင်ခန်းစာ 30

နောက်ထပ် နည်းနည်း ဓါတ်ပုံရိုက်ချင် သေးတယ်။

အန်းနာဟာ ဆာ့ခူရာ နဲ့ ခဲန်းတာ တို့နဲ့အတူ ဖူဂျီတောင်ရဲ့ ရှုခင်းကို ဓါတ်ပုံရိုက်နေတဲ့အချိန်မှာ မိုးစရွာ ပါတယ်။

သင်ခန်းစာ 30 ၁ဝ မိနစ်

အဓိက စကားပြောများ

MÔ SUKOSHI SHASHIN O TORITAI DESU

သင်ခန်းစာ စာမူများ

さくら あ、雨だ。急いで帰りましょう。 ဟာ ... မိုးရွာပြီ။ မြန်မြန်ပြန်ကြစို့။
ဆာ့ခူရာ A, AME DA. ISOIDE KAERIMASHÔ.
ဟာ ... မိုးရွာပြီ။ မြန်မြန်ပြန်ကြစို့။
アンナ ちょっと待ってください。もう少し写真を撮りたいです。 ကျေးဇူးပြုပြီးခဏစောင့်ပါဦး။ နောက်ထပ်နည်းန ည်းလောက် ဓာတ်ပုံရိုက်ချ င်သေးတယ်။
အန်းနာ CHOTTO MATTE KUDASAI. MÔ SUKOSHI SHASHIN O TORITAI DESU.
ကျေးဇူးပြုပြီးခဏစောင့်ပါဦး။ နောက်ထပ်နည်းန ည်းလောက် ဓာတ်ပုံရိုက်ချ င်သေးတယ်။
健太 雨にぬれたら、風邪をひくよ。 မိုးစိုရင်အ အေးမိလိမ့်မယ်နော်။
ခဲန်းတာ AME NI NURETARA, KAZE O HIKU YO.
မိုးစိုရင်အ အေးမိလိမ့်မယ်နော်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  TAI DESU

တခုခုကိုလုပ်ချင်ရင် MASU ပုံစံကြိယာက MASUဆိုတာကို ဖြုတ်TAIလို့ပြောင်းရပါမယ်။ DESU ကို TAI ရဲ့နောက်မှာပေါင်းထည့်ရင် ယဉ်ကျေးတဲ့ပုံစံ စာကြောင်းဖြစ်သွားပါတယ်။

ဥပမာ SHASHIN O TORIMASU ဓာတ်ပုံရိုက်မယ်။
SHASHIN O TORITAI DESU ဓာတ်ပုံရိုက်ချင်တယ်။

သင်ပေးပါဆရာမ

TARA နဲ့ TO ရဲ့ကွာခြားချက်
TARA နဲ့ TOစကားလုံး က အခြေအနေကိုဖော်ပြတဲ့စကားလုံးပါ။ တစ်ခုခု ဖြစ်မှာသေချာတဲ့ အနေအထားမျိုးမှာ TARA ဒါမှမဟုတ် TOကိုသုံးပါတယ်တဲ့။

အိုနိုမာတိုပဲ

မိုးခြိမ်းသံ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဂျပန်ရဲ့ရာသီဥတုနဲ့ပတ်သက်ပြီးအမျိုးမျိုးပြောစမှတ်ပြုတာတွေရှိတယ်။ ဒီနေ့နေဝင်တာလှရင် မနက်ဖြန်နေသာမယ်တဲ့။ ဒါမှမဟုတ် မနက်ပိုင်းမှာ သက်တန့်ထွက်တယ်ဆိုရင် မိုးရွာမယ်တဲ့။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။