NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 29

သင်ခန်းစာ 29

အနီးကကြည့်တော့ ကြီးတယ်နော်

ထိုင်းနိုင်ငံက ကျောင်းသူလေး အန်းနာဟာ ဆာ့ခူရာရဲ့ဇာတိဖြစ်တဲ့ ရှီဇူအိုကာမြိုကိုအလည်အပတ်ရောက်နေပါတယ်။ ခဲန်းတာ ကအန်းနာကို ဖူဂျီတောင်ရဲ့ အလှပဆုံးရှုခင်း ရှိတဲ့နေရာဆီကို ခေါ်သွားခဲ့ပါတယ်

သင်ခန်းစာ 29 ၁ဝ မိနစ်

အဓိက စကားပြောများ

CHIKAKU DE MIRU TO, ÔKII DESU NE

သင်ခန်းစာ စာမူများ

アンナ 富士山だ。
近くで見ると、大きいですね。
ဖူဂျီတောင်ပဲ။ အနီးကကြည့်တော့ ကြီးတယ်နော်။
အန်းနာ FUJISAN DA. CHIKAKU DE MIRU TO, ÔKII DESU NE.
ဖူဂျီတောင်ပဲ။ အနီးကကြည့်တော့ ကြီးတယ်နော်။
アンナ あれ。雲の形が帽子みたいです。 ဟင် ... တိမ်ပုံစံ ကဦးထုပ်လိုမျိုး ဖြစ်နေတယ်။
အန်းနာ ARE. KUMO NO KATACHI GA BÔSHI MITAI DESU.
ဟင် ... တိမ်ပုံစံ ကဦးထုပ်လိုမျိုး ဖြစ်နေတယ်။
健太 あの雲が見えると、雨が降るんだよ。 ဟိုတိမ်ကို မြင်ရတယ်ဆိုရင် မိုးရွာမှာလေ။
ခဲန်းတာ ANO KUMO GA MIERU TO, AME GA FURU N DA YO.
ဟိုတိမ်ကို မြင်ရတယ်ဆိုရင် မိုးရွာမှာလေ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

  TO

TO  ဆိုတာရဲ့ရှေ့မှာ လာတာ ကြိယာက အဘိဓာန်ပုံစံ ဒါမှမဟုတ် NAI ပုံစံကြိယာဖြစ်ရင် အခြေအေန တစ်ခုကို ဖေါ်ပြပါတယ်။
ဥပမာ  ANO KUMO GA MIERU TO, AME GA FURIMASU ဟိုတိမ်ကိုမြင်ရရင် မိုးရွာမှာပဲ လို့ အဓိပ္ပာယ်ရပါတယ်။

သင်ပေးပါဆရာမ

N DA -တခုခုကို ရှင်းပြချင်တဲ့အခါ ဝါကျရဲ့အဆုံးမှာ ထည့်ပြော ရပါတယ်။
N DAရဲ့အခြေခံပုံစံကNO DAပါ။အခြေအနေဘယ်လိုဖြစ်တယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကို ရှင်းပြချင်တဲ့အခါ ဝါကျရဲ့အဆုံးမှာ NO DA ကိုထည့်ပြောရပါတယ်။သာမန်ပြောနေကျ စကားတွေမှာ N DA ကိုသုံးပြီး ပိုပြီးယဥ်ကျေး​အောင်ပြောရင် N DESU လို့​ပြောပါတယ်။

အိုနိုမာတိုပဲ

မိုး
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ဖူဂျီတောင်ကိုတိမ်တွေအုပ်မိုးနေတာသိပ်လှတယ်။တိမ်ပုံစံကို ကြည့်ပြီး ရာသီဥတုကို ခဲန်းတာ က ခန့်မှန်းနိုင်တယ်ဆိုတော့ သူကဗဟုသုတ ကြွယ်ဝတာပဲ။ အားကိုးရတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။