သင်ခန်းစာ 26
နောက်တစ်ခါဆိုကြိုးစားကြစို့။
ဒီနေ့ အန်းနာတစ်ယောက် သူဖြေထားတဲ့ ဂျပန်စာစာမေးပွဲရဲ့ အမှတ်စာရင်း ရခဲ့ပါပြီ။ သူ့ရဲ့အတန်းဖော် ရိုဒိုရီဂို တွေ့လိုက်တော့ ရိုဒိုရီဂို ခေါင်းငိုက်စိုက်ကျနေတာကို သူ သတိထား လိုက်မိပါတယ်။
အဓိက စကားပြောများ
TSUGI WA GANBARÔ
သင်ခန်းစာ စာမူများ
アンナ | ロドリゴ、元気がないね。 | ရိုဒရီဂို ... လန်းလန်းဆန်း ဆန်းမရှိဘူးနော်။
|
---|---|---|
အန်းနာ | RODORIGO, GENKI GA NAI NE.
ရိုဒရီဂို ... လန်းလန်းဆန်း ဆန်းမရှိဘူးနော်။
|
|
ロドリゴ | 試験ができなかったんです。 | စာမေးပွဲကို ကောင်း ကောင်းမ ဖြေနိုင်ခဲ့ဘူး လေ။
|
ရိုဒရီဂို | SHIKEN GA DEKINAKATTA N DESU.
စာမေးပွဲကို ကောင်း ကောင်းမ ဖြေနိုင်ခဲ့ဘူး လေ။
|
|
アンナ | 私も…。60点でした。 次はがんばろう。 |
ကျွန်မရောပဲ။ အမှတ် ၆ဝ ရခဲ့တယ်။ နောက်တစ်ခါ ကြိုးစားကြစို့။ |
အန်းနာ | WATASHI MO.... ROKUJITTEN DESHITA. TSUGI WA GANBARÔ. ကျွန်မရောပဲ။ အမှတ် ၆ဝ ရခဲ့တယ်။
နောက်တစ်ခါ ကြိုးစားကြစို့။
|
သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ
N DESU
အခြေအနေတစ်ခု ဒါမှမဟုတ် အကြောင်းပြချက် တစ်ခုကိုရှင်းပြတဲ့အခါမှာ N DESU ကိုထည့်ပြောရပါတယ်။ N DESU ရှေ့မှာ အခြေခံပုံစံကြိယာတွေကို ထည့်သုံးရပါမယ်။
အခြေခံပုံစံကြိယာဆိုတာ TA ပုံစံကြိယာတွေနဲ့ အဘိဓာန်ပုံစံကြိယာတွေကိုပြောတာပါ။
ဥပမာ SHIKEN GA DEKINAKATTA N DESU.
စာမေးပွဲ ကောင်းကောင်း မဖြေနိုင်ခဲ့ဘူး။
DESHITA
DESHITA ဆိုတာက DESU ရဲ့ အတိတ်ကာပုံစံဖြစ် ပါတယ်။
ဥပမာ- TAIHEN DESU.
ခက်ခဲတယ်၊ပင်ပန်းတယ်
>> TAIHEN DESHITA. ခက်ခဲခဲ့တယ်၊ပင်ပန်းခဲ့တယ်
သင်ပေးပါဆရာမ
ကိုယ့်ရဲ့သဘောဆန္ဒကိုဖော်ပြတဲ့ သဏ္ဍာန်ပြောင်းထားတဲ့ ကြိယာများ
GANBARÔ ကြိုးစားကြစို့ ဆိုတာက ကိုယ့်ရဲ့သဘောဆန္ဒကိုဖော်ပြတဲ့ သဏ္ဍာန်ပြောင်းထားတဲ့ ကြိယာပါ။ ပြောသူရဲ့ ဆန္ဒကိုဖော်ပြတဲ့အခါသုံးပါတယ်။
အိုနိုမာတိုပဲ
ငိုတယ်
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။
အန်းနာရဲ့ တီးတိုးစကားသံ
ရိုဒိုရီဂိုကစာမေးပွဲမှာ အမှတ် ၈၀ရပါတယ်။ သူက တို့ထက်အများကြီးသာတယ်။ သူ့အတွက် စိတ်ပူမိတာတောင်မှားသွားပါတယ်။
