NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 25

သင်ခန်းစာ 25

စားပွဲအောက်ကိုဝင်ကြပါ။

အန်းနာဟာ ပါမောက္ခ ဇူဆူကီး ရဲ့ဂျပန်စာအတန်းမှာ စာသင်နေတုန်း ကျောင်းရဲ့ အဆောက်အဦးတွေ လှုပ်ခါသွားပါတယ်။

သင်ခန်းစာ 25 ၁ဝ မိနစ်

အဓိက စကားပြောများ

TSUKUE NO SHITA NI HAIRE

သင်ခန်းစာ စာမူများ

先生 地震だ。みんな、落ち着いて。
机の下に入れ。
ငလျင်လှုပ်တယ်။ အားလုံး စိတ်အေးအေးထားပါ။
စားပွဲအော က်ကိုဝင်ကြ။
ဆရာ JISHIN DA. MINNA, OCHITSUITE.
TSUKUE NO SHITA NI HAIRE.
ငလျင်လှုပ်တယ်။ အားလုံး စိတ်အေးအေးထားပါ။ စားပွဲအော က်ကိုဝင်ကြ။
先生 揺れは収まったようだ。 ငလျင်လှုပ်တာ အရှိန်လျော့ သွားပုံဘဲ။
ဆရာ YURE WA OSAMATTA YÔ DA.
ငလျင်လှုပ်တာ အရှိန်လျော့ သွားပုံဘဲ။
アンナ びっくりした。日本は本当に地震が多いですね。 လန့်သွားတာဘဲ။ ဂျပန်ကတကယ့်ကို ငလျင် များတယ်နော်။
အန်းနာ BIKKURI SHITA. NIHON WA HONTÔ NI JISHIN GA ÔI DESU NE.
လန့်သွားတာဘဲ။ ဂျပန်ကတကယ့်ကို ငလျင် များတယ်နော်။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

YÔ DA / YÔ DESU

YÔDA  ဆိုတာ ပြောတဲ့သူက အခြေအနေကို အကဲခတ်ပြီး ဆုံးဖြတ်ချက်ချတာမျိုးမှာ သုံးပါတယ်။ YÔDA ဟာ YÔ DESU ရဲ့ ပေါ့ပေါ့ပါးပါးသုံးတဲ့ အသုံးအနှုန်းပါ။ YÔDA ရဲ့ရှေ့က ကြိယာတွေကို MASU ပုံစံနဲ့သုံးလို့မရပါဘူး။
ဥပမာ- YURE WA OSAMATTA YÔ DA ငလျင်လှုပ်တာ အရှိန်လျော့သွားပုံပဲ။
*OSAMATTA =  OSAMARIMASU လျော့သွားတယ်၊ ငြိမ်သွားတယ် ရဲ့  TA ပုံစံပါ  ။

WA နဲ့ GA ရဲ့ အသုံးကွာခြားပုံ

WA= အဓိကအကြောင်းအရာကို ဖော်ပြတဲ့ ဝိဘတ် GA= ကတ္တားပြတဲ့ဝိဘတ် ။
အဓိကအကြောင်းအရာ ဆိုတာ ဝါကျတစ်ခုမှာ ရည်ညွှန်းချင်တဲ့ အဓိကအကြောင်းအရာကို ဆိုလိုပြီး  WA ဆိုတဲ့ ဝိဘတ်နဲ့ ဖော်ပြပါတယ်။ ကတ္တား ကတော့ အဓိကအကြောင်းအရာ၊ အဓိကလုပ်ဆောင်ချက် ဆက်စပ်နေပြီး
GA ဆိုတဲ့ ဝိဘတ်နဲ့ ရော WA ဆိုတဲ့ ဝိဘတ် နဲ့ပါ သုံးလေ့ရှိပါတယ်။ ဥပမာ-
ZÔ WA  HANA  GA  NAGAI
ဆင်တွေက နှာခေါင်းရှည်တယ်။

သင်ပေးပါဆရာမ

အမိန့်ပေးတဲ့ကြိယာပုံစံများ
MASUပုံစံကြိယာတွေကို အမိန့်ပေးတဲ့ ကြိယာပုံစံတွေ ဖြစ်အောင် ဘယ်လိုပြောင်းသလဲ ဆိုတာကို ပြောပါမယ်။ ပထမဆုံး MASU မတိုင်ခင် သရသံ E နဲ့ဆုံးတဲ့ ကြိယာတွေမှာ MASU ကို RO လို့ပြောင်းလိုက်ရပါမယ်။ဥပမာ-

အိုနိုမာတိုပဲ

လှုပ်ရမ်းမှု
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

ငလျင်လှုပ်တဲ့အခါ ပထမဦးဆုံးလုပ်ရမှာက ရေဒီယို ဒါမှမဟုတ် ရုပ်မြင်သံကြားက ထုတ်ပြန်တဲ့ သတင်းတွေကိုနားထောင်ဖို့ အရေးကြီးပါတယ်။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။