NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 24

သင်ခန်းစာ 24

ကျေးဇူးပြုပြီးမသုံးပါနဲ့။

ကျောင်းသူလေး အန်းနာဟာ ပါမောက္ခ ဇူဆူကီး ရဲ့ဂျပန်စာ အတန်းမှာ တက်နေပါတယ်။သူက လာမယ့်သီတင်းပတ် မှာကျင်းပမယ့် စာမေးပွဲနဲ့ ပတ်သက်ပြီး ရှင်းပြပါတယ်။

သင်ခန်းစာ 24 ၁ဝ မိနစ်

အဓိက စကားပြောများ

TSUKAWANAIDE KUDASAI

သင်ခန်းစာ စာမူများ

先生 はい、今日はここまでです。
来週の月曜日に試験をします。
ကဲ ဒီနေ့တော့ဒီလောက်ပဲ။
လာမယ့် အပတ်တနင်္လာနေ့မှာ စာမေးပွဲစစ်မယ်။
ဆရာ HAI, KYÔ WA KOKO MADE DESU.
RAISHÛ NO GETSUYÔBI NI SHIKEN O SHIMASU.
ကဲ ဒီနေ့တော့ဒီလောက်ပဲ။ လာမယ့် အပတ်တနင်္လာနေ့မှာ စာမေးပွဲစစ်မယ်။
アンナ 先生、辞書を使ってもいいですか。 ဆရာ၊ အဘိဓာန် သုံးလို့ရပါသလား။
အန်းနာ SENSEI, JISHO O TSUKATTE MO II DESU KA.
ဆရာ၊ အဘိဓာန် သုံးလို့ရပါသလား။
先生 いいえ、だめです。使わないでください。 ဟင့်အင်း ... မရဘူး။ ကျေးဇူးပြုပြီး မသုံးပါနဲ့။
ဆရာ IIE, DAME DESU. TSUKAWANAIDE KUDASAI.
ဟင့်အင်း ... မရဘူး။ ကျေးဇူးပြုပြီး မသုံးပါနဲ့။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

အချိန်အခါ ကိုဖော်ပြတဲ့ စကားလုံးများ

အချိန်အခါ ကိုဖော်ပြတဲ့ စကားလုံးတွေကို ဘယ်လိုပြောလဲဆိုတာ လေ့လာကြရအောင်။ သင်ကြားရေးအထောက်ကူပြု ပစ္စည်းများ စာမျက်နှာဆီကို သွားရောက် လေ့လာပါ။

သင်ပေးပါဆရာမ

NAI- ကြိယာ ပုံစံ + DE KUDASAI
တစ်ယောက်ယောက်ကို တစ်ခုခုကို မလုပ်ပါနဲ့လို့ ပြောချင်ရင် DE KUDASAI ဆိုတာကို NAI ပုံစံကြိယာနဲ့တွဲပြီး DE KUDASAI

အိုနိုမာတိုပဲ

မကျေနပ်ခြင်း
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

လာမယ့် သီတင်းပတ်မှာ စာမေးပွဲ အသေးစားလေးတစ်ခုရှိတယ်။ စာမေးပွဲမှာ ဘောလ်ပင် မသုံးရဘူးတဲ့။ ကျမတို့တွေအားလုံး ခဲတံနဲ့ ခဲဖျက် ယူလာရမယ်တဲ့။ အခုပဲအဆင်သင့်ပြင်ထားဦးမှပဲ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။