NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 18

သင်ခန်းစာ 18

လမ်းပျောက်သွားပါတယ်

အန်းနာဟာ ဆာ့ခူရာနဲ့ ရိုဒရီဂိုတို့နဲ့အတူ စာအုပ် ဆိုင်တစ်ဆိုင်ကိုသွားခဲ့ပါတယ်။ သူတို့တွေ စာအုပ်ဆိုင်က ထွက်လာတော့ အန်းနာဟာ ဆာ့ခူရာနဲ့ ရိုဒရီဂိုတို့နဲ့ မျက်ခြေပြတ် သွားတယ်။

သင်ခန်းစာ 18 ၁ဝ မိနစ်

အဓိက စကားပြောများ

MICHI NI MAYOTTE SHIMAIMASHITA

သင်ခန်းစာ စာမူများ

アンナ もしもし、さくらさん。助けてください。
道に迷ってしまいました。
ဟဲလို ဆာ့ခူရာစံ။ ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ။ လမ်းပျောက်သွားလို့။
အန်းနာ MOSHIMOSHI, SAKURA-SAN. TASUKETE KUDASAI.
MICHI NI MAYOTTE SHIMAIMASHITA.
ဟဲလို ဆာ့ခူရာစံ။ ကျေးဇူးပြုပြီး ကျွန်မကိုကူညီပါ။ လမ်းပျောက်သွားလို့။
さくら 今、どこ? အခု ဘယ်မှာလဲ။
ဆာ့ခူရာ IMA, DOKO?
အခု ဘယ်မှာလဲ။
アンナ 目の前に郵便局があります。 ရှေ့မှာ စာတိုက်ရှိတယ်။
အန်းနာ ME NO MAE NI YÛBINKYOKU GA ARIMASU.
ရှေ့မှာ စာတိုက်ရှိတယ်။
さくら 分かった。そこにいて。 သိပြီ။ အဲဒီနေရာမှာပဲနေပါ။
ဆာ့ခူရာ WAKATTA. SOKO NI ITE.
သိပြီ။ အဲဒီနေရာမှာပဲနေပါ။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

TE ပုံစံကြိယာ + SHIMAIMASHITA

ကြိယာတစ်ခုရဲ့  TE ပုံစံနောက်မှာ SHIMAIMASHITA လိုက်ရင် တစ်ခုခုကို နမော်နမဲ့ လုပ်လိုက်တယ် ဆိုတာကို ဖော်ပြပါတယ်။
ဥပမာ
MACHIGAEMASU
(မှားတယ်၊ မှားမယ်)
MACHIGAETE SHIMAIMASHITA
(အမှားတစ်ခုကို နမော်နမဲ့ လုပ်လိုက်မိတယ်)

အသေးစိတ်သိချင်ရင် သင်ပေးပါဆရာမ စာမျက်နှာကို သွားကြည့်ပါ။

သင်ပေးပါဆရာမ

TE ပုံစံကြိယာ + SHIMAIMASHITA
TE ပုံစံကြိယာရဲ့နောက်မှာ SHIMAIMASHITA ဆိုတာကိုထည့်ပြောရင် လုပ်ဆောင်ချက်တစ်ခုက အဆုံးသတ်သွားပြီး ပြန်လုပ်လို့မရတဲ့ အခြေအနေ နဂိုအတိုင်းပြန်မဖြစ်တော့တဲ့ အခြေအနေကို ရောက်သွားတယ် ဆိုတာပြတာပါ။ တစ်ခုခုလုပ်တာ မအောင်မြင်တာ ဒါမှမဟုတ် လုပ်ပြီးသွားတာကို နောင်တရနေတဲ့အခါ SHIMAIMASHITA, ဆိုတာကို သုံးပါတယ်။

အိုနိုမာတိုပဲ

စိတ်ကယောက်ကယက်ဖြစ်ပြီး ဟိုဟိုဒီဒီလျောက်သွားသည်။
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

လမ်းပျောက်သွားရင် ရဲစခန်းကိုသွားတာ ကောင်းတယ်လို့ပြောတယ်။ မြေပုံကို ပြပြီး ရဲက တို့ကို လမ်းညွှန် ပေးလိမ့်မယ်တဲ့။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။