NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > သင်ခန်းစာခေါင်းစဉ်များ > သင်ခန်းစာ 12

သင်ခန်းစာ 12

ဂျပန်ကိုဘယ်တုန်းက လာခဲ့ပါသလဲ။

အန်းနာနေတဲ့အဆောင်မှာ ပါတီပွဲ ကျင်းပနေပါတယ်။ သူက ဆာ့ခူရာကို မက္ကဆီကို နိုင်ငံသားဖြစ်တဲ့ သူ့အတန်းဖော် ရိုဒိုရီဂိုနဲ့ မိတ်ဆက်ပေးနေပါတယ်။

သင်ခန်းစာ 12 ၁ဝ မိနစ်

အဓိက စကားပြောများ

ITSU NIHON NI KIMASHITA KA

သင်ခန်းစာ စာမူများ

さくら ロドリゴさんはいつ日本に来ましたか。 ရိုဒရီဂို ဂျပန်ကို ဘယ်တုန်းက လာခဲ့တာလဲ။
ဆာ့ခူရာ RODORIGO-SAN WA ITSU NIHON NI KIMASHITA KA.
ရိုဒရီဂို ဂျပန်ကို ဘယ်တုန်းက လာခဲ့တာလဲ။
ロドリゴ 3月に来ました。 မတ်လတုန်းက လာခဲ့တာပါ။
ရိုဒရီဂို SANGATSU NI KIMASHITA.
မတ်လတုန်းက လာခဲ့တာပါ။
さくら もう日本の生活に慣れた? ဂျပန်မှာနေရတာ ကျင့်သားရသွားပြီလား။
ဆာ့ခူရာ MÔ NIHON NO SEIKATSU NI NARETA?
ဂျပန်မှာနေရတာ ကျင့်သားရသွားပြီလား။
ロドリゴ ええ、まあ。 ဟုတ်ကဲ့။ အထိုက်အလျောက်ပေါ့။
ရိုဒရီဂို Ê, MÂ.
ဟုတ်ကဲ့။ အထိုက်အလျောက်ပေါ့။

သဒ္ဒါနဲ့ပတ်သက်ပြီး မှတ်သားစရာများ

လတွေ

လတွေရဲ့  အမည်ကို ဘယ်လိုပြောရမလဲဆိုတာ လေ့လာဖို့ လေ့လာသင်ကြားရေး အထောက်အကူပစ္စည်းတွေရှိတဲ့ နေရာကို သွားကြည့်ပါ။

သင်ပေးပါဆရာမ

TA-ပုံစံကြိယာများ
TA ပုံစံကြိယာတွေဆိုတာ TA ဒါမှမဟုတ် DA နဲ့ ဆုံးတဲ့ ပုံသဏ္ဍာန် ကိုပြောင်းသွားတဲ့ကြိယာ တွေပါ။ ကြိယာရဲ့ အတိတ်ကာလ ဒါမှမဟုတ် ကိစ္စပြီးမြောက်ကြောင်း တွေကို ပြောတဲ့အခါ သုံးပါတယ်။ MASU ပုံစံကနေ TA ပုံစံ ဘယ်လိုပြောင်းသလဲ ဆိုတာ ရှင်းပြပါမယ်။

အိုနိုမာတိုပဲ

လူအစုလိုက်ဆူညံစကားပြောနေသံ
ဂျပန်စာဟာ အိုနိုမာတိုပဲ စကားလုံးတွေအများကြီးရှိတဲ့ ဘာသာစကားပါ။ တိရိစ္ဆာန်တွေရဲ့ အော်သံတွေကနေ သူတို့ရဲ့ ခံစားချက်တွေအထိအိုနိုမာတိုပဲစကားလုံးတွေနဲ့ အသံထွက်လို့ရပါတယ်။ ဒါကိုအသံဖိုင်လ်နဲ့ ရှင်းပြထားပါတယ်။

အန်းနာရဲ့ တီးတိုးစကားသံ

အားလုံးက တို့ချက်တဲ့ထိုင်းကာရေး မဆလာဟင်းကို နှစ်သက်ကြတယ်။ ကြားဘူးတာ ကတော့ ဂျပန်စတိုင် ကာရေး မဆလာဟင်း ရှိတယ်တဲ့။ အဲဒါကို အထူးသဖြင့် ကလေးတွေက အရမ်းကြိုက်ကြ တယ်ဆိုပဲ။

Anna

သင်ခန်းစာခေါင်းစဉ်များ

NHK website ကနေထွက်ပါမယ်။