NHK WORLD > လွယ်ကူလေ့လာဂျပန်စာ > မြန်မာဘာသာ Top > NHK WORLDမှာ လေ့လာခြင်းရဲ့အကျိုးကျေးဇူးများ

NHK WORLDမှာ လေ့လာခြင်းရဲ့အကျိုးကျေးဇူးများ

NHK WORLDမှာ လေ့လာခြင်းရဲ့အကျိုးကျေးဇူးများ

ဂျပန်ဘာသာစကားကို NHK WORLDမှာလေ့လာကြပါစို့၊

အကျိုး ၆မျိုးကြောင့် ထိထိရောက်ရောက်သင်ယူနိုင်ပါတယ်။

ဂျပန်ဘာသာစကားကို အင်တာနက်ကနေအခမဲ့ လေ့လာကြရအောင်

ဂျပန်ဘာသာစကားကိုသင်ယူတော့မယ်လို့ဆုံးဖြတ်လိုက်ပေမယ့်သင်တန်းသွားတက်ဖို့၊ရေဒီယိုကို နေ့တိုင်းအချိန်မှန်နားထောင်ဖို့ မလွယ်ဘူးဆိုပါတော့၊ NHK WORLDရဲ့ဂျပန်စကားပြောသင်ခန်း စာကတော့ဂျပန်ဘာသာစကားကိုလွယ်လွယ်ကူကူအဆင်ပြေပြေသင်ယူနိုင်ပါတယ်။

NHK WORLDမှာအားလပ်တဲ့အချိန်မှာအင်တာနက်ကနေအချိန်မရွေးအခမဲ့လေ့လာနိုင်လို့ပါပဲ။ ကိုယ်လေ့လာချင်တဲ့သင်ခန်းစာကိုရွေးပြီးကလစ်လုပ်ရုံပါပဲ။

အင်တာနက်ကနေဂျပန်စကားပြောကိုအခမဲ့သင်ယူကြပါစို့။

အခြေခံအဆင့်ကစတဲ့သင်ခန်းစာအမျိုးမျိုးဟာ ကလေးငယ်တွေလည်းနားလည်လွယ်ပါတယ်။

ဂျပန်စကားပြောသင်ခန်းစာတွေမှာအဆင့်အမျိုးမျိုးရှိပါတယ်။ဒါကြောင့်အခုမှစပြီးသင်ယူမယ့်သူ တွေလည်းလေ့လာနိုင်ပါတယ်။ ဂျပန်စကားပြောကိုအခြေခံကစလေ့လာရင်းအရည်အသွေးမြှင့်တင် နိုင်ပါတယ်။နားထောင်စွမ်းရည်နဲ့စကားပြောစွမ်းရည်တွေတိုးတက်ချင်တဲ့သူတွေအတွက်လည်း သင့်တော်တဲ့သင်ခန်းစာပါ။

မိမိတို့ရဲ့ရင်သွေးလေးတွေကိုဂျပန်ဘာသာသင်ပေးလိုတဲ့မိဘတွေအတွက်လည်း NHK WORLD ဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။ သင်ခန်းစာတွေဟာတိုတောင်းတာမို့ကလေးငယ်တွေ ငြီးငွေ့မှာ မစိုးရိမ်ရပါဘူး။ကလေးတွေနဲ့အတူအိမ်မှာလေ့လာပါ။ ကိုယ်နဲ့အကိုက်ညီဆုံးလေ့ကျင့်တဲ့ပုံစံကိုရွေးချယ်ပါ။

ဂျပန်လူမျိုးတွေရဲ့အသံထွက်တွေကို မှန်မှန်ကန်ကန်သင်ယူနိုင်ပါတယ်။

ဂျပန်နိုင်ငံထဲမှာ မရှိတဲ့သူတွေအတွက် ဂျပန်ဘာသာကို မိခင်ဘာသာစကားအဖြစ် ပြောတဲ့ဆရာမျိုးရှိတဲ့ ကျောင်းကို ရှာတွေ့ဖို့ မလွယ်ပါဘူး။ ဘာသာစကား အသစ်တမျိုးကို သင်ယူတဲ့အခါ အဲဒီဘာသာကို မိခင်ဘာသာအဖြစ် ပြောသူတွေ ရဲ့ အသံထွက်တွေကို နားထောင် အတုယူ လေ့ကျင့်ဖို့ အရေးကြီး ပါတယ်။ ဂျပန်ကို ရောက်လာပြီး ရထားဘူတာရုံ ဘယ်မှာလဲလို့ တယောက်ယောက်ကို မေးချင်တယ် ဆိုပါတော့။ဘယ်လိုပြောရမယ် ဆိုတာလည်း သိတဲ့အတွက် မေးကြည့်ပေမယ့် ဘယ်သူမှကိုယ်ပြောတာ နားမလည်ကြဘူး။ပြောရမယ့်စကားကို သိနေပါရက်နဲ့ လက်တွေ့ သုံးလို့မရဘူး။ ဒီလိုမဖြစ်ရအောင် အသံထွက်၊ အသံအနိမ့်အမြင့် နဲ့ လေယူလေသိမ်း တွေကို ဂျပန်လူမျိုး တွေဆီကသေသေချာချာ သင်ယူတာ ကောင်းတာပေါ့။

လွယ်လွယ်နဲ့မြန်မြန်သင်ယူဖို့

ရုပ်မြင်သံကြားရှေ့မှာနေ့တိုင်းထိုင်ကြည့်နေဖို့၊ဒါမှမဟုတ်သင်တန်းကျောင်းကိုသွားတက်ဖို့အချိန်မရှိတဲ့အလုပ်များသူတွေအနေနဲ့ NHK WORLD ရဲ့သင်ခန်းစာတွေကတော့လွတ်သွားကျော်သွားမှာ စိုးရိမ်စရာမလိုပါဘူး။

သင်ခန်းစာအားလုံးရဲ့အသံဖိုင်တွေ၊စာသားဖိုင်တွေကို NHK WORLD ရဲ့အင်တာနက်စာမျက်နှာမှာ ရှိနေပါတယ်။

ဒါကြောင့်ဂျပန်ဘာသာစကားကိုကြိုက်တဲ့အချိန်မှာလေ့လာနိုင်ပါတယ်။သင်ခန်းစာ တွေကိုအကြိမ်ကြိမ်ပြန်လှန်နားထောင်နိုင်တာကြောင့်မကြေလည်တဲ့သင်ခန်းစာတွေကိုအမြဲတမ်း ပြန်လှန်လေ့လာနိုင်ပါတယ်။

သင်ခန်းစာတွေကိုသင့်ရဲ့ MP3စက်ထဲကိုဒေါင်းလုပ်ဒ်လုပ်ယူနိုင်ပါတယ်။

အလုပ်များလို့ကွန်ပြူတာရှေ့မှာသင်ခန်းစာတွေကိုနားထောင်ဖို့အချိန်မရှိဘူးဆိုရင်လည်းမပူပါနဲ့။သင်ခန်းစာတွေကိုမိမိရဲ့ MP3စက်ထဲကိုကူးယူသွားလို့ရပါတယ်။ ဒါဆိုရင်အလုပ်တို့ကျောင်းတို့ကိုသွားတဲ့လမ်းမှာနားထောင်လို့ရပါတယ်။ အိမ်အလုပ်တွေနဲ့အလုပ်များနေတဲ့အချိန်မှာလည်းလုပ်ရင်းကိုင်ရင်းနားထောင်လို့ရပါတယ်။ ဂျပန်ဘာသာစကားကိုလေ့လာဖို့အတွက်နေ့စဉ်လုပ်ကိုင်နေကျပုံစံကိုပြောင်းလဲဖို့မလိုပါဘူး။အချိန်ကိုအကျိုးရှိရှိအသုံးချပြီးဂျပန်ဘာသာစကားကို NHK WORLDမှာ လေ့လာသွားကြရအောင်။

သင်ခန်းစာ စာသားတွေကိုလည်း PDFဖိုင်ပုံစံနဲ့ဒေါင်းလုပ်ဒ်လုပ်ယူနိုင်ပါတယ်။

PDFဖိုင်ကိုဒေါင်းလုပ်ဒ်လုပ်ယူမယ်ဆိုရင်သင်ခန်းစာအားလုံးကိုဖတ်နိုင်ပါတယ်။ဒါကိုပုံနှိပ်လိုက် ရင်ဖတ်စာအုပ်လိုကိုယ်သွားလေရာကိုယူဆောင်သွားနိုင်မှာပါ။

NHK WORLDမှာအင်တာနက်ကနေအချိန်မရွေးအခမဲ့လေ့လာနိုင်ပါတယ်။

ကိုယ်လေ့လာချင်တဲ့သင်ခန်းစာကိုရွေးပြီးကလစ်လုပ်ရုံပါပဲ။

အင်တာနက်ကနေဂျပန်စကားပြောကိုအခမဲ့သင်ယူကြပါစို့။

NHK website ကနေထွက်ပါမယ်။