NHK WORLD

၂၀၂၀ပြည့်နှစ် မတ်လ ၂၆ရက် (ကြာသပတေးနေ့)

လှည်းဘီးဒီဇိုင်း ရွှေရေး ကနုကမာ တန်ဆာဆင် ယွန်းထည်ဘူး
(Katawaguruma Maki-e Raden Tebako)

အစီအစဥ်မှတ်တမ်းများ

မိတ်ဆက်

အကောင်းဆုံး ပန်းချီ၊ ပန်းပု အနုပညာလက်ရာပစ္စည်းတွေတိုင်းမှာ လူတွေကို ဆွဲဆောင်နိုင်တဲ့ စိတ်ဝင်စားစရာ နောက်ကြောင်းရာဇဝင်တွေ ရှိပါတယ်။ ဒီနောက်ကြောင်းရာဇ၀င်တွေကို သိနားလည်ခြင်းဟာ အဲဒီ အနုပညာပစ္စည်းတွေရဲ့ လူတွေကိုဆွဲ​ဆောင်နေတဲ့ လျှို့ဝှက်ချက်တွေကို သိဖို့ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ တိုကျိုအမျိုးသားပြတိုက် မှာ ထားရှိတဲ့ ဂျပန်ကိုယ်စားပြု အကောင်းဆုံး အနုပညာလက်ရာ ပစ္စည်းတွေရဲ့ ဇာတ်လမ်းအမျိုးမျိုးကို မိတ်ဆက်တင်ပြရင်း ဒီပစ္စည်းတွေရဲ့ နောက်ကြောင်း ရာဇဝင်​တွေကို လေ့လာကြပါမယ်။

တိုကျိုအမျိုးသားပြတိုက်

တိုကျိုအမျိုးသားပြတိုက်

၁၈၇၂ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ တိုကျိုအမျိုးသားပြတိုက်ဟာ ဂျပန့် ရှေးအကျဆုံး ပြတိုက် ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆင်းရဲနေဆဲ ဖြစ်တဲ့ ဂျပန်ဟာ ​​​ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံထူထောင်ရာမှာ အရေးပါတဲ့ ဆောင်ရွက်ချက် တစ်ခုအဖြစ် ဒီပြတိုက်ကို ​ကြိုးပမ်းတည်​ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ​နောက် အရှေ့တိုင်းနိုင်ငံတွေ၊ အဓိကအားဖြင့် ဂျပန်နိုင်ငံက အနုပညာလက်ရာပစ္စည်းတွေ၊ သမိုင်း၀င် စာရွက်စာတမ်း၊ မှတ်တမ်းတွေနဲ့ ရှေး​​ဟောင်းပစ္စည်းတွေကို စု​​ဆောင်းထိန်းသိမ်းခဲ့တာ နှစ်ပေါင်း ၁၄၀​ကျော် ရှိသွားပါပြီ။ အဲဒီပစ္စည်း​တွေနဲ့ပတ်သက်တဲ့ ​လေ့လာမှု​တွေ၊ သုတေသန​တွေ ကိုလည်း ပြုလုပ်​နေပါတယ်။ ​ဒီပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းမှု​တွေလုပ်ပြီး အများပြည်သူကိုလည်း ခင်းကျင်းပြသ​နေပါတယ်။ တစ်ဖက်မှာလည်း ပညာ​ပေးလုပ်ငန်း​တွေကို ​​ဆောင်ရွက်လျက်ရှိပါတယ်။ အခုလက်ရှိမှာ တိုကျိုအမျိုးသားပြတိုက်မှာ ပစ္စည်း​ပေါင်း တစ်သိန်းတစ်သောင်း​ကျော်ကို ထိန်းသိမ်းထားရှိပါတယ်။